
ပေကျင်း ဇန်နဝါရီ ၁၉
၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ GDP သည် တရုတ်ယွမ်ငွေ ၁၂၀ ထရီလီယံထက် ကျော်လွန် ခဲ့ပြီး သုံးရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်ထား သည်။ ယင်းသည် ၂၀၂၀ ပြည့်နှစ် GDP တရုတ် ယွမ်ငွေ ၁၀၀ ထရီလီယံ၊ ၂၀၂၁ ခုနှစ် GDP ၁၁၀ ထရီလီယံထက် ကျော်လွန်ပြီး နောက်ထပ်အဆင့်သစ်သို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
အကျပ်အတည်းများကြားတွင် တရုတ် နိုင်ငံ၏ GDP သည် တိုးတက်မှုနှုန်း သုံးရာခိုင်နှုန်းကို ထိန်းသိမ်းထားနိုင်ခြင်းမှာ တရုတ်နိုင်ငံစီးပွားရေး၏ ကြံ့ကြံ့ခံနိုင်မှု စွမ်းရည်ကောင်းမွန်ခြင်း၊ အလားအလာ ကြီးမားကျယ်ပြန့်ခြင်းနှင့် ရေရှည်ကောင်းမွန် သည့် အခြေအနေသို့ တိုးတက်လျက်ရှိသည့် အခြေခံများကြောင့်ဖြစ်သည်။
ထို့အတူ တရုတ်ပြည်မကြီးတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) အမှန်တကယ် ဝင်ရောက်မှုသည် ၂၀၂၂ ခုနှစ်က ၁ ဒသမ ၂၃ ထရီလီယံရှိပြီး ယမန်နှစ်ကထက် ၆ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်းလည်း သိရသည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။
ခင်ရတနာ စုစည်းဖော်ပြသည်၊၊