
ဆိုးလ် မတ် ၃၀
ဓာတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ပြီးခဲ့ သည့်နှစ်က တောင်ကိုရီးယားနိုင်ငံ ၏ ဆန်ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လာကြောင်း မတ် ၃၀ ရက် စာရင်းအင်းရုံးအချက် အလက်များအရ သိရသည်။
လယ်သမားများသည် ၂၀၂၂ ခုနှစ်က စပါး ၂၀ ကီလိုဂရမ် စိုက်ပျိုးရန် ၃၁၆၃၁ ဝမ် (အမေရိ ကန်ဒေါ်လာ၂၄ ဒေါ်လာ) သုံးစွဲခဲ့ ရာ ယခင်နှစ်ကထက် ၉ ဒသမ ၃ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ကိုရီးယား စာရင်းဇယားများအရ သိရသည်။
ပြီးခဲ့သည့်နှစ်က စပါး ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ၁၀၀၀ စတုရန်းမီတာနှုန်းလျှင် ၈၅၄၄၆၁ ဝမ် (၆၅၈ ဒေါ်လာ) ရှိခဲ့ သည်။ မြင့်မားလာသော ကမ္ဘာ့ ကုန်စည်စျေးနှုန်းများ၏ နောက် ကွယ်တွင် ၇၁ ဒသမ ၁၄ ရာခိုင် နှုန်းအထိ တစ်ဟုန်ထိုး မြင့်မားခဲ့ သည့် ဓာတ်မြေသြဇာစျေးနှုန်းများ သိသိသာသာ မြင့်တက်လာကြောင်း သိရသည်။
ဆင်ဟွာ