၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

 

 

နေပြည်တော်   မေ   ၃၁
၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ  အောင်မြင် စွာ      ကျင်းပပြုလုပ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း အစည်းအဝေး ကို    ယနေ့နံနက်     ၉   နာရီခွဲတွင် နေပြည်တော်   ရုံးအမှတ်  (၃၁)  အားကစားနှင့်    လူငယ်ရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ       ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က   နိုင်ငံတော်အကြီး အကဲ၏  လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ်တွင်   ဝန်ကြီးဌာနပေါင်းစုံ ပြိုင်ပွဲများအဖြစ်  ဘော်လီဘော (အမျိုးသား/      အမျိုးသမီး)၊ ပိုက်ကျော်ခြင်း    (အမျိုးသား)၊ ဘောလုံး(အမျိုးသား)၊   ဖူဆယ် (အမျိုးသား)   နှင့်   ပြေးခုန်ပစ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ငါးပွဲကို   ကျင်းပသွားမည်ဖြစ် ကြောင်း၊ ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး  ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ရန်အတွက် ပြိုင်ပွဲပြက္ခဒိန်အား   ဝန်ကြီးဌာန များသို့  ကြိုတင်ဖြန့်ဝေပေးထား ပြီးဖြစ်ကြောင်း၊ စက်တင်ဘာလ တွင်  ကျင်းပမည့်  အလွတ်တန်း (အမျိုးသား)  ဘောလုံးပြိုင်ပွဲကို (၇၅)   နှစ်မြောက်   စိန်ရတု လွတ်လပ်ရေးနေ့  အထိမ်းအမှတ် ပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပ သွားမည်ဖြစ်ပြီး     နိုင်ငံတော် ဝန်ကြီးချုပ်ဖလား     ဝန်ကြီးဌာန ပေါင်းစုံ     ပြိုင်ပွဲများကိုလည်း ဒီဇင်ဘာ  ၁၅  ရက်အပြီး   ထပ်မံ ကျင်းပပေးသွားမည်   ဖြစ်သည့် အတွက် ဝန်ကြီးဌာနများအနေဖြင့် ယခင်နှစ်များထက်     ပိုမိုပါဝင် ယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ၂၀၂၂    ခုနှစ်      ဇူလိုင်လမှစ၍ ပြည်နယ်နှင့်     တိုင်းဒေသကြီး အသက် (၁၆)နှစ်အောက်၊ အသက် (၁၉)နှစ်အောက်  (အမျိုးသား) ဘောလုံးပြိုင်ပွဲနှင့် အသက်(၁၈)နှစ်အောက်၊ အသက်(၂၅)  နှစ် အောက် (အမျိုးသမီး)  ဘောလုံး ပြိုင်ပွဲများ      ကျင်းပသွားမည် ဖြစ်ပြီး   ၎င်းပြိုင်ပွဲများမှ   တစ်ဆင့် နိုင်ငံတော်    ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ  ပြိုင်ပွဲများ တွင်    ဝန်ကြီးဌာနကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကစားနိုင်ရေး အတွက်   အားကစားသမားများ အား    ရွေးချယ်၍   အမြဲတမ်း ဝန်ထမ်းအဖြစ်  ခန့်အပ်ထားပြီး ဝင်ရောက်   ကစားနိုင်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် သတ် မှတ်ထားသော စည်းမျဉ်း/ စည်း ကမ်းများအတိုင်း    ဝင်ရောက် ယှဉ်ပြိုင်        ကြစေလိုကြောင်း၊ အသင်းလိုက်   ပြိုင်ပွဲများတွင် ဆုကြေးငွေများအဖြစ်  ပထမဆု သိန်း  ၂၀ ၊  ဒုတိယဆု  ၁၅ သိန်း၊ တတိယဆု ၁၀သိန်းနှင့် စတုတ္ထဆု ငါးသိန်း  ချီးမြှင့်သွားမည်ဖြစ်ပြီး၊ ဆုဆွဲပြားနှင့်  ဆုဖလားများလည်း ချီးမြှင့်သွားမည်ဖြစ်၍ ဝန်ကြီးဌာန များအနေဖြင့်         ပြိုင်ပွဲများ အောင်မြင်စွာ     ကျင်းပနိုင်ရေး အတွက်         ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက်  ညွှန်ကြားရေးမှူး ချုပ်   ဦးထွန်းမြင့်ဦးနှင့်  အစည်း အဝေး တက်ရောက်လာကြသည့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုအာဏာပိုင်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စား လှယ်များနှင့်       မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်  တာဝန်ရှိသူ များက      သက်ဆိုင်ရာကဏ္ဍ အလိုက်    ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းဆုံးဖြတ် ဆောင်ရွက်ပေးခဲ့ကြောင်း  သိရ သည်။                       သတင်းစဉ်