
နေပြည်တော် ဇန်နဝါရီ ၁၂
၂၀၂၂ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ များတွင် ဆုတံဆိပ်ရရှိခဲ့သည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ အားကစားသမားများအား ဂုဏ်ပြု ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ငြိမ်းအေး ခန်းမ၌ ပြုလုပ်ရာ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် အဖွဲ့ဝင် များ၊ တာဝန်ရှိသူများနှင့် ဆုရရှိ သည့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ဆုတံဆိပ် ရရှိခဲ့သည့် အားကစားသမားများ အား တစ်ဦးချင်း ဂုဏ်ပြု နှုတ်ဆက်ခဲ့ပြီး ဂုဏ်ပြုအမှာ စကားပြောကြားသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ များတွင် ဆုတံဆိပ်ရရှိခဲ့သည့် အားကစား အမျိုးအစားအလိုက် ဂုဏ်ပြုဆုများကို ပေးအပ်ရာ ဆုရရှိသူအားကစားသမားများနှင့် အားကစားတာဝန်ခံ အရာရှိ များက လက်ခံရယူကြသည်။
ယင်းနောက် ဆုရရှိခဲ့သည့် အားကစားသမား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး တက်ရောက်လာ ကြသူများအား လက်ဖက်ရည်ဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်