
နေပြည်တော် နိုဝင်ဘာ ၂၄
၂၀၂၂ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ၊ “က” အဆင့်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနား များကို နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော် ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ဗိုလ်လုပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားကျင်းပပုံများကို ယင်းနေ့မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား MRTV – HD ၊ MRTV Sports Channel၊ MWD HD Channel၊ MWD Variety HD Channel၊ MWD Education , Knowledge & Sports HD Channel၊ Skynet Sport 4 Channel ၊ MRTV Web & App နှင့် မြန်မာ့အသံ ရေဒီယိုတို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်