
ဒေါက်တာယဉ်မောင်မောင်၊ ပါမောက္ခ (ဌာနမှူး) ရူပဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက် Home Based Learning (HBL) ဆိုတာ ကတော့ ကျောင်းသားများအိမ်တွင် လေ့ကျင့်ရန်သာဖြစ်ပြီး ကျန်တဲ့ portion တွေဖြစ်တဲ့ Classroom Based Learning (CBL) ကတော့ စာမေးပွဲအတွက် လေ့ကျင့်ရမှာ ဖြစ်ပါတယ်။
ရူပဗေဒဘာသာရပ် ဖြေဆိုရာမှာ အထောက်အကူပြုစေမည့် သိမှတ်ဖွယ်ရာများကို (ဆွေးနွေးပို့ချ)အသိပေးပြောကြားမှာ ဖြစ်ပါ တယ်။ ပထမဦးဆုံး ရူပဗေဒဘာသာရပ် မေးခွန်းပုံစံကို ရှင်းပြမှာ ဖြစ်ပါတယ်။
ရူပဗေဒမေးခွန်းမှာ SECTION (A) နဲ့ SECTION (B) အပိုင်း နှစ်ပိုင်း ပါရှိပါတယ်။
n SECTION (A) အပိုင်းက (၄) မှတ်တန် မေးခွန်း (၉) ပုဒ်ရှိပြီး အားလုံးဖြေဆိုရမှာ ဖြစ်ပါတယ်။
n SECTION (B) မှာတော့ နံပါတ် (၁၀) ကနေပြီး နံပါတ် (၁၅) အထိ (၆) ပုဒ် မေးထားပါတယ်။ မေးခွန်း (၁) ပုဒ်ကို (၁၆) မှတ် ပေးပါတယ်။ မေးခွန်းတိုင်းမှာ (a) နဲ့ (b) နှစ်ပိုင်းခွဲပြီး မေးထားပါတယ်။ (၆) ပုဒ်မေးထားတဲ့အထဲက နှစ်သက်ရာ (၄) ပုဒ်ကို ရွေးချယ် ဖြေဆိုရမှာ ဖြစ်ပါတယ်။
n မေးခွန်းနံပါတ် (၁၅) မှာလည်း (OR) ခံပြီး မေးထားတာဖြစ်လို့ မေးခွန်း(၂)ပုဒ်ထဲက (၁)ပုဒ်ကိုပဲ ရွေးပြီးဖြေဆိုရမှာပါ။ မေးခွန်း နံပါတ်(၁၅) မေးခွန်း(၂)ပုဒ်မှာ (a) နဲ့ (b) ကိုအတွဲလွဲပြီး ဖြေရင် အမှတ်မရပါဘူး။
ရူပဗေဒဘာသာရပ် ပြဋ္ဌာန်းစာအုပ်မှာ သင်ခန်းစာအခန်း(၁)မှ အခန်း(၁၃)အထိ ရှိပါတယ်။ အပိုင်းအားဖြင့် ပြောရမယ်ဆိုရင် သင်ခန်းစာခေါင်းစဉ်တွေက Mechanics, Heat, Waves and Sound, Optics, Electricity and Magnetism နဲ့ Modern Physics ဆိုပြီးအပိုင်း (၆)ပိုင်းခွဲခြားထားပြီး ခေါင်းစဉ်အလိုက် အားလုံးမျှပြီး ပါဝင်အောင် အခန်းတိုင်းက သင်ခန်းစာပေါ်မှာ မူတည်ပြီး စစ်ဆေးမှာ ဖြစ်ပါတယ်။
ရူပဗေဒဘာသာရပ်ဟာ အလွတ်ကျက်မှတ်ရုံနဲ့မရဘဲ ရူပဗေဒ သဘောတရားကို အခြေခံကျကျနားလည်ထားမှ ရူပဗေဒဘာသာ ရပ်ကို ကောင်းမွန်စွာဖြေဆိုနိုင်မှာဖြစ်ပါတယ်။ Physical quantity, Rules, Laws, Principles တွေနဲ့ ပတ်သက်လို့ရှိရင် စာသားသာမက သင်္ချာညီမျှခြင်းနဲ့လည်း ရေးတတ်ရပါမယ်။ သင်္ချာနည်းနဲ့ ဖော်ပြ ပြီးရင်လည်း သင်္ကေတတစ်ခုချင်းစီအတွက် ရှင်းလင်းချက်ပါရပါမယ်။ Rules, Laws, Principles တွေနဲ့ လက်တွေ့အသုံးပြုမှု၊ ဆက်စပ်ပုံ တွေကိုလည်း သိရှိထားဖို့လိုပါတယ်။ ပြဋ္ဌာန်းစာအုပ် (Text book)ပါ အကြောင်းအရာများ၊ law, definition တွေကို တိတိကျကျ ဖြေဆို နိုင်ရန် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။
ရူပဗေဒဘာသာရပ်မေးခွန်းတွေမှာ Physical quantities တွေရဲ့ units တွေကို နားလည်သိရှိထားဖို့လိုပါတယ်။ ဥပမာအားဖြင့် What are the unit of power in different unit systems? ဆိုတဲ့ မေးခွန်းမှာ ပါဝါရဲ့ ယူနစ်တွေကို unit system အမျိုးမျိုးမေးထားတာဖြစ်တဲ့ အတွက် system နဲ့ unit တွဲပြီး ဖြေရပါမယ်။ system တစ်ခုချင်းစီ အတွက် unit ကိုသိရပါမယ်။ SI system – watt (W), CGS system– erg per second (ergs-1), FPS system – foot-pound per second (ft-lbs-1) လို့ ဖြေရပါမယ်။ Unit ကို ရေးရင်လည်း watt လို့ အရှည် ရေးရင် small letter နဲ့ ရေးပြီး သင်္ကေတ W ကိုတော့ capital letter နဲ့ ရေးရပါမယ်။
ပုစ္ဆာတွက်တဲ့အခါမှာ သတိထားရမယ့်အချက်တွေ ရှိပါတယ်။ ဥပမာ- ပေးထားချက်တွေမှာ unit system မတူရင် တူအောင် ပြောင်း ပြီးမှ တွက်ရပါမယ်။ ပုစ္ဆာမှာထည့်တွက်ရန်မလိုဘဲ ပေးထားတဲ့ အချက်များလည်းရှိတတ်သလို ထည့်တွက်ရန်လိုသော်လည်း မိမိ၏ နားလည်သိရှိပြီးသားမှ ဖော်ထုတ်ပြီး တွက်ချက်တတ်ရန်လည်း လိုအပ်ပါတယ်။
ဒါ့အပြင် ပေးထားချက်တွင် မပါဝင်ဘဲ အသုံးပြုရမည့် Formula တွင် ပါဝင်နေသည့် တန်ဖိုးများကိုလည်း မိမိ၏နားလည်သိရှိပြီးသားမှ ဖော်ထုတ်ပြီး အသုံးပြုတတ်ရန် လိုအပ်ပါတယ်။
အလင်း (Optics) ဆိုင်ရာ အသိပညာများ၊ သတ်မှတ်ချက်များ သိရှိ ထားရန် လိုအပ်ပါတယ်။
ဥပမာ- An object is 30 cm from a lens and its image is formed 10 cm on the same side as the object from the lens. (a) Find the type of the lens and its focal length. (b) Find the power of the lens.
v မေးခွန်းမှာ image ဟာ object နဲ့ တစ်ဖက်တည်း ဖြစ်တယ်လို့ ပေးထားတဲ့အတွက် image ဟာ ပုံရိပ်ယောင် (virtual image) ဖြစ်တယ်ဆိုတာ သိရပါမယ်။
v object distance u = 30 cm ဖြစ်ပြီး image distance v = - 10 cm ဖြစ်တယ်။ ပေးထားချက်အရ image ဟာ object နဲ့ lens အကြားရှိတဲ့အတွက် type of the lens is concave lens ဆိုတာ ကြိုပြီးသိသင့်ပါတယ်။
တွက်ချက်ပြီးမှ ရလာသော ပုံရိပ်အကွာအဝေး၊ ဝတ္ထုအကွာအဝေး များကို အသုံးချပြီး ray diagram ဆွဲတတ်ရန်လိုအပ်ပါတယ်။ သတိထားရမယ့်အချက်က ပုံဆွဲတဲ့အခါမှာ u, v နဲ့ f တန်ဖိုးတွေ ဖော်ပြပေးရန်လိုအပ်ပါတယ်။
Draw a ray diagram to show the formation of a virtual image which is smaller than the object formed by a lens မှာဆိုရင်-
ဝတ္ထုအရွယ်ထက်ငယ်တဲ့ ပုံရိပ်ယောင် (virtual image) ကို ဖြစ်ပေါ်စေတဲ့အတွက် မှန်ဘီလူးခွက် (concave lens) ကိုသုံးရမှာ ဖြစ်တယ်။ ဝတ္ထုကို မှန်ဘီလူးခွက်ရှေ့မှာထားရင် နဂိုအရွယ်ထက်ငယ် တဲ့ ပုံရိပ်ယောင်ဟာ ဝတ္ထုနဲ့တစ်ဖက်တည်း ဆုံချက် F နဲ့ မှန်ဘီလူး ခွက်ကြားမှာ အတည့်ပေါ်စေတာကို သိသာအောင် ဆွဲပေးရပါမယ်။ ဆုံချက် F, 2F, P, ဝတ္ထု OO', ပုံရိပ် II' စသည်တို့ကို ထင်ထင်ရှားရှား ထည့်ပေးရပါမယ်။
Image formed by concave lens
Electricity အပိုင်းကို လေ့လာရာမှာ Electric Force နဲ့ Electric Field Intensity ဆိုင်ရာ Problem တွေကို ဖြေရှင်းရာမှာ vector quantity တွေဖြစ်သည့်အတွက် direction ကို ဖော်ပြပေးရပါမယ်။
Electric Potential မှာ positive potential, negative potential ရှိသည့်အတွက် လျှပ်စစ်ဖိုဆိုရင် ( + ) ၊ လျှပ်စစ်မဆိုရင် ( − ) ထည့် တွက်ရမယ်ဆိုတာကို သတိချပ်ရပါမယ်။
ဥပမာ - Two point charges of + 4.0 x 10−8 C and − 3.0 x 10− 8 C are 1 m apart. (a) Find the electric potential at P midway between the two charges. (b) Find the work done in bringing a charge + 3.0 x 10-9 C from infinity to P.
n ဒီပုစ္ဆာမှာ charge တွေရဲ့ ပမာဏ၊ charge တစ်ခုနှင့်တစ်ခုကြား အကွာဝေးတို့ကို ပေးထားပါတယ်။ မေးခွန်း (a) မှာ charge နှစ်ခုကြား အလယ်မှတ် P မှာရှိတဲ့ V ကို ရှာခိုင်းပါတယ်။ မေးခွန်း (b) မှာတော့ နောက် charge တစ်ခုကို infinity ကနေ အမှတ် P ကို ရောက်အောင် သယ်ဆောင်ရာမှာ ပြီးမြောက်တဲ့အလုပ်ကို တွက်ခိုင်းတာပါ။
n ပေးချက်အရ Q1 = + 4.0 x 10−8 C, Q2 = − 3.0 x 10−8 C ဖြစ်ပြီး Charge နှစ်ခုကြား အကွာအဝေးက 1 m, အမှတ် (P) က charge နှစ်ခုအလယ်မှာရှိတဲ့အတွက် r1 = r2 = 0.5 m ဖြစ်ပါ တယ်။
n အရင်ဆုံး charge တစ်ခုချင်းစီကြောင့်ဖြစ်တဲ့ Electric potential ကို ရှာရပါမယ်။
n Q1 က Positive charge ဖြစ်တဲ့အတွက် အပေါင်းလက္ခဏာ ထည့်တွက်ရပါမယ်။ Electric potential က positive potential ဖြစ်ပါတယ်။
n Q2 အတွက်ကတော့
n Q2 က Negative charge ဖြစ်တဲ့အတွက် အနုတ်လက္ခဏာ ထည့်တွက်ရပါမယ်။ Electric potential က negative potential ဖြစ်ပါတယ်။
n အမှတ် P မှာရှိတဲ့ စုစုပေါင်း V ကို လိုချင်ရင် V1 နဲ့ V2 ကို ပေါင်းရပါမယ်။ Total electric potential ရှာရင် electric potential တစ်ခုစီရဲ့ လက္ခဏာသတ်မှတ်ချက် တွေ ထည့်သွင်းပြီး အက္ခရာသင်္ချာနည်းအရ ပေါင်းရပါမယ်။
n V = V1 + V2 = 720 + (-540) = + 180 V ရမှာ ဖြစ်ပါတယ်။
(b) မှာကတော့ q = +3.0 x 10−9 C ကိုသယ်ဆောင်ရာမှာ ပြီးမြောက် တဲ့အလုပ်ကို လိုချင်တဲ့အတွက်
n ရမှာဖြစ်ပါတယ်။
နောက်ထပ်နမူနာတစ်ခုအနေဖြင့် The capacitance of a capacitor ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် The capacitance of a capacitor is the ratio of the charge to the potential difference between two conductors of that capacitor.
In symbols,
where C = capacitance of a capacitor, Q = charge of a capacitor, V = potential difference of a capacitor.
Capacitor တစ်ခုရဲ့ capacitance က charge (Q) နဲ့ potential difference (V) ပေါ်ကို မမှီခိုဘူးဆိုတာ သိရမယ်။ Charge of a capacitor (Q) က potential difference (V)နဲ့ တိုက်ရိုက်အချိုးကျ တယ်ဆိုတဲ့ concept ကို သိရမယ်။ Capacitance ဟာ Capacitor ရဲ့ အရွယ်၊ ပုံသဏ္ဌာန်နဲ့ conductors (၂)ခု ကြားမှာရှိတဲ့ insulator ရဲ့သဘာဝပေါ်မူတည်ပြီး ပြောင်းလဲနိုင်ကြောင်း သိရပါမယ်။ ဒီ concept ကို သိထားရင် မေးခွန်းတွေကို သေသေချာချာ ဖြေဆိုနိုင် မှာ ဖြစ်ပါတယ်။
The resistance of conductor in terms of length and cross-sectional area ကိုဖော်ပြရာမှာ ဖြစ်သည့်အတွက် လို့ ဖော်ပြပေးရမှာဖြစ်ပါတယ်။
Resistance R ရဲ့ unit က SI system မှာ ohm (Ω) ဖြစ်ပြီး သူနဲ့ဆက်စပ်တဲ့ equivalent unit- VA-1 ကိုလည်း သိထားရန် လိုအပ်ပါတယ်။ ဒါ့အပြင် emf ရဲ့ Circuit Equation နဲ့ပတ်သက်၍ မှာလည်း Resistance ၂ မျိုး ပါဝင်နေတာကို သတိချပ် သင့်ပါတယ်။
Resistance (R) သည် အပူချိန်နဲ့လိုက်ပြီးပြောင်းလဲမှုရှိတယ်။ Rt = R0(1 + t) ဆက်သွယ်ချက်အရ သိနိုင်ပါတယ်။ ဒါ့အပြင် Resistor တွေကို တန်းဆက်နဲ့ပြိုင်ဆက်တွေ ဆက်တဲ့အခါမှာ သုံးတဲ့ပုံသေနည်း ထုတ်ဖော်ပုံတွေကိုလည်း သိရှိထားရပါလိမ့်မယ်။
Resistor နဲ့ Capacitor တွေဟာ ချိတ်ဆက်မှု၊ တွက်ချက်မှုမှာ ပြောင်းပြန်ဖြစ်တာကိုလည်း သိထားရပါမယ်။ နှုတ်တိုက်ကျက် တာထက်
နှိုင်းယှဉ်ပြီးကျက်ရင် ပိုပြီးထိရောက် သိမြင်နိုင်ပါတယ်။
Current ကို တိုင်းဖို့ဆိုရင် ammeter ကို သုံးရပါမယ်။ potential difference ကို တိုင်းဖို့အတွက် voltmeter ကို သုံးရပါမယ်။ ammeterနဲ့ voltmeter ကိုလည်း ပုံနှင့်တကွ နှိုင်းယှဉ်လေ့လာဖို့ လိုပါတယ်။
Battery တွေရဲ့ symbol မှာလည်း positive terminal နဲ့ negative terminal ကို မှန်ကန်အောင် ဆွဲဖို့လိုပါတယ်။ polarity နှစ်ခုရဲ့အလျားကို အတူတူဆွဲထားရင် capacitor ရဲ့ symbol နဲ့ တူသွားမယ်။ အဲဒီလိုမျိုး တူတူဆွဲထားရင် မှားပါတယ်။ Circuit diagram တွေကိုလည်း ဆွဲတတ်ရမယ်။ Circuit diagram တွေဆွဲရင် မထိတာတို့ ပြတ်နေတာတို့ မဖြစ်ရပါဘူး။ Current direction တွေကို လည်း ဖော်ပြပေးဖို့လိုပါတယ်။
Modern Physics အပိုင်းမှာ လက်တွေ့နယ်ပယ်နှင့် ဆက်စပ်မှု များရှိနေသည့်အတွက် လက်မလွှတ်သင့်တဲ့ အခန်းဖြစ်ပါတယ်။ Modern Physics မှာ Electronics အပိုင်းနဲ့ Nuclear Physics ဆိုပြီး အပိုင်းနှစ်ပိုင်း ပါရှိပါတယ်။ Electronics အပိုင်းမှာ devices တွေဖြစ် တဲ့ Semiconductor, Rectifier အမျိုးအစားတွေ အကြောင်းတွေကို အသေးစိတ် ပုံနှင့်တကွ သိထားရပါမယ်။ symbols များလည်း သိထားရပါမယ်။
အဲ့ဒီလိုပဲ junction diode နဲ့ transistor တွေကို p-type, n-type semiconductor တွေနဲ့ ပြုလုပ်တယ်။ junction diode တွေကို rectifier မှာ သုံးတယ်။ Rectifier နှစ်မျိုးရှိပြီးတော့ သူတို့ရဲ့ တည်ဆောက်ပုံတွေ input output waveform တွေကိုလည်း လေ့လာထားရပါမယ်။ Junction diode မှာ Biasing ပေးမယ်ဆိုရင် သတိထားရမယ့် အချက်တွေရှိပါတယ်။
Forward bias ပေးထားတဲ့ p-n junction diode တစ်ခု ပုံဆွဲမယ် ဆိုရင်-
Forward bias ပေးဖို့အတွက် battery ရဲ့ positive terminal ကို p -type semiconductor နဲ့ ဆက်ပြီး negative terminal ကို n - type semiconductor နဲ့ ဆက်ရပါမယ်။
Reverse bias ပေးထားတဲ့ p-n junction diode တစ်ခု ပုံဆွဲမယ် ဆိုရင်-
Reverse bias ပေးဖို့အတွက် battery ရဲ့ negative terminal ကို p type semiconductor နဲ့ဆက်ပြီး positive terminal ကို n - type semiconductor နဲ့ ဆက်ရပါမယ်။
Transistor နှစ်မျိုးရှိတယ်ဆိုတာ သိထားပြီး structure နဲ့ circuit diagram တွေကို ပုံနှင့်တကွ လေ့လာထားရပါမယ်။ အဲ့ဒါအပြင် semiconductor diode နဲ့ transistor တွေဟာ vacuum tube တွေထက် အားသာချက်တွေရှိတယ်ဆိုတာ သိထားရပါမယ်။
နောက်တစ်ခုကတော့ logic gate တွေအကြောင်းနဲ့ logic gate (၅)မျိုး ရှိတယ်ဆိုတာ သိထားရပါမယ်။ Logic gate တွေရဲ့ symbol တွေနဲ့ Truth Table တွေကိုလည်း သေသေချာချာ ကျက်မှတ်ထား ရပါမယ်။ Gate တွေ တစ်ခုနဲ့တစ်ခု ပေါင်းစပ်ပုံတွေ သိထားရမှာဖြစ် သလို gate တွေရဲ့ အသုံးဝင်ပုံတွေကိုလည်း လေ့လာထားရမှာ ဖြစ်ပါ တယ်။
Nuclear Physics အပိုင်းမှာတော့ ရောင်ခြည်တွေဖြစ်တဲ့ alpha ray, beta ray, gamma ray, x ray တို့ကို ကွဲကွဲပြားပြားသိဖို့ လိုအပ် ပါတယ်။ x ray ဆိုတာဟာ light ray (or) electromagnetic wave with short wavelength, အလင်း photon တွေနဲ့ ဖွဲ့စည်းထား တယ်ဆိုတာကို သိသင့်ပါတယ်။
စာဖြေသူအားလုံးအတွက် အားလုံးခြုံငုံပြောရရင်-
v အဖြေသိလျက်၊ ဖြေနိုင်လျက်နှင့် ပေါ့ဆ၍ဖြစ်စေ၊ စိတ်လော နေ၍ဖြစ်စေ၊ ပြန်လည် စစ်ဆေးခြင်း မပြု၍ဖြစ်စေ၊ အမှား တွေ အဖြေလွှာမှာ ပါလာတတ်ပါတယ်။ အလွန်ပဲ နစ်နာ ပါတယ်။
v တွက်ချက်မှုမှားယွင်းခြင်း၊ ပေါင်းနုတ်၊ မြှောက်စား၊ လွယ်ကူ တာတွေကိုတောင် မှားပြီးတွက်တတ်ပါတယ်။ အလွန်တော် တဲ့ကျောင်းသား၊ ကျောင်းသူများတွေတောင် ဒီလိုအမှားမျိုး ရှိတတ်ပါတယ်။ ဒါ့ကြောင့် အကြိမ်ကြိမ် စစ်ဆေးပေးရန် လိုအပ်ပါတယ်။ အဆင့်ကျော်တွက်တာတွေ ရှိတယ်။ အမှတ် က အဆင့်လိုက်ပေးတာဆိုတော့ ကျော်တွက်တဲ့ အဆင့်တွေ အတွက် အမှတ်ပြည့်မရနိုင်တော့ပါဘူး။
ဒါ့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ၊ ရူပဗေဒဘာသာရပ်ကို ဖြေဆို မည့် ကျောင်းသား ကျောင်းသူများကို မှာကြားချင်တာကတော့-
စိတ်ကို တည်ငြိမ်စွာထားပါ။
ပုစ္ဆာမှာ ပြောင်းထားတာလေးတွေကို ဂရုစိုက်ပါ။
အချိန် (အထူးသဖြင့် ပြန်လည်စစ်ဆေးချိန်) ကို ကြိုတင် သတ်မှတ်ပါ။
ဘာကြောင့်ပဲဖြစ်ဖြစ် အချိန်ကုန်သည်အထိ ဖြေပါ၊ စဉ်းစားပါ။
အထပ်ထပ်ပြန်စစ်ပါ။ အဆင့်ဆင့်တွက်ချက်ပါ။ အဆင့်ကျော် ရင် အမှတ်လျော့နိုင်ပါတယ်။
အဖြေလွှာမှာ နံပါတ်များ မှန်ကန်အောင်တပ်ပါ။
အခုပြောပြခဲ့တဲ့ သတိထားရမယ့်အချက်တွေကို ဂရုစိုက်ခဲ့ရင်-
* ရူပဗေဒဘာသာရပ်ကို တပည့်တို့ ကောင်းမွန်စွာ ဖြေဆို နိုင်ကြမှာပါ။
* ကျောင်းသားကျောင်းသူအားလုံး စာမေးပွဲကို ထူးချွန်စွာ ဖြေဆို၊ အောင်မြင်နိုင်ကြပါစေ။ ။