၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသူများအတွက် ပထမနှစ် (ပထမနှစ်ဝက်) ဝင်ခွင့်ရသူများစာရင်း သက်ဆိုင်ရာတက္ကသိုလ်များ၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ဝက်ဘ်ဆိုက်တို့တွင် ကြေညာမည်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန


ကြေညာချက်


၁။    ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသူများအတွက်   ပထမနှစ် (ပထမနှစ်ဝက်)   ဝင်ခွင့်ရသူများစာရင်းကို (၃-၁၁-၂၀၂၂) ရက်တွင်  သက်ဆိုင်ရာတက္ကသိုလ်များ၊ အဆင့်မြင့် သိပ္ပံနှင့်  နည်းပညာဦးစီးဌာန၏   Website:  http://www.dast. edu.mm  တို့တွင် ကြေညာထားမည်ဖြစ်ပါသည်။ 

 


၂။    ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းများကို (၂၁-၁၁-၂၀၂၂) ရက်တွင်    ဖွင့်လှစ်မည်ဖြစ်ရာ   ကျောင်းဝင်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာတက္ကသိုလ်များတွင် (၁၀-၁၁-၂၀၂၂) ရက်မှ (၉-၁၂-၂၀၂၂) ရက်အထိ (စနေနှင့်တနင်္ဂနွေနေ့များအပါအဝင်)  လက်ခံ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ 


အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန