၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့တွင် သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၈၁၂၄၉ ဦးရှိ

 

နေပြည်တော်   ဧပြီ   ၂


၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းက ကျင်းပရာ  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူစုစုပေါင်း ၂၈၁၂၄၉ ဦး ရှိကြောင်း သိရသည်။

 


ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၂၀ နှင့် ပြည်တွင်း၌ စာစစ်ဌာန  ၁၂၃၈ ခု စာစစ်ဌာန စုစုပေါင်း ၁၂၅၈  ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေ စုစုပေါင်း ၃၁၂၄၂၄ ရှိပြီး စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၈၁၂၄၉ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း ၉၀ ဒသမ ၀၂ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။                                        

သတင်းစဉ်