၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မည့်သူများအတွက် နည်းပညာတက္ကသိုလ်များသို့ ဝင်ခွင့်ခေါ်ယူရေးကြေညာချက်

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီး ဌာနသည်   နိုင်ငံတော်တည်ဆောက်ရေးနှင့်  နိုင်ငံသားတို့၏ လူမှု၊ စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်  မူဝါဒများချမှတ်ပြီး  သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိပါသည်။

 


ထို့အပြင်    လူငယ်လူရွယ်များ၏     အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ အခွင့်အလမ်းများ တိုးတက်ရရှိစေရန်အတွက်  နိုင်ငံအကျိုးပြု အရည်အချင်းပြည့်ဝသော     အင်ဂျင်နီယာပညာရှင်များ   လေ့ကျင့် မွေးထုတ်နိုင်ရန်ရည်ရွယ်၍  ၂၀၂၂  ခုနှစ်၊  တက္ကသိုလ်ဝင်စာမေးပွဲ   ဖြေဆိုအောင်မြင်မည့်သူများအတွက်   နည်းပညာတက္ကသိုလ်များသို့ ဝင်ခွင့် ခေါ်ယူရာတွင်   အင်္ဂလိပ်စာ၊   သင်္ချာ၊   ရူပဗေဒ၊ ဓာတုဗေဒ (၄) ဘာသာ   စုစုပေါင်းရမှတ်  (အများ/ အနည်း)   ပေါ်မူတည်၍    ရွေးချယ်တက်ရောက်ခွင့်ပြုမည်ဖြစ်ပါကြောင်း ကျောင်းသား/ ကျောင်းသူ များ ကြိုတင်သိရှိနိုင်ရေးအတွက် အသိပေးကြေညာအပ်ပါသည်။ 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန