၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နဝမနေ့တွင် စိတ်ကြိုက်မြန်မာစာ လာရောက်ဖြေဆိုသူ စုစုပေါင်း သုံးဦးရှိ

 

နေပြည်တော်   ဧပြီ   ၉


၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နဝမနေ့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိတ်ကြိုက်မြန်မာစာ လာရောက်ဖြေဆိုသူ စုစုပေါင်း သုံးဦး ရှိကြောင်း သိရသည်။

 


ယခုနှစ်တွင် ပြည်တွင်းစာစစ်ဌာန  လေးခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စိတ်ကြိုက်မြန်မာစာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း လေးဦးရှိပြီး စာမေးပွဲ နဝမနေ့ စိတ်ကြိုက်မြန်မာစာ လာရောက်ဖြေဆိုသူ စုစုပေါင်း သုံးဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း ၇၅ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။


သတင်းစဉ်