၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့တွင် သမိုင်းဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၅၃၇၃၈ ဦးရှိ

 

နေပြည်တော်   ဧပြီ   ၈


၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့ကို ယမန်နေ့နံနက်ပိုင်းတွင်  ကျင်းပရာ  တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် သမိုင်းဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၅၃၇၃၈ ဦးရှိကြောင်း သိရသည်။

 


ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၂၀ နှင့် ပြည်တွင်း၌ စာစစ်ဌာန  ၁၀၉၃ ခု စာစစ်ဌာန စုစုပေါင်း ၁၁၁၃  ခု  ဖွင့်လှစ်ဖြေဆိုခဲ့ရာ  သမိုင်းဘာသာရပ်စာမေးပွဲဖြေဆိုရန်  စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၆၀၄၉၀ ရှိပြီး စာမေးပွဲ  အဋ္ဌမနေ့ သမိုင်းဘာသာရပ်  လာရောက်ဖြေဆိုသူ စုစုပေါင်း ၅၃၇၃၈ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း ၈၈ ဒသမ ၈၄ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။


သတင်းစဉ်