၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာလှေလှော်ပြိုင်ပွဲ ရန်ကုန်မြို့အင်းလျားကန်၌ ကျင်းပမည်

 

ရန်ကုန်   ဇန်နဝါရီ    ၂၂


တစ်မျိုးသားလုံး   ကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစား       အဆင့်အတန်း မြင့်မား‌ရေးနှင့် ထူးချွန်ထက်မြက်‌သော မျိုးဆက်သစ်     အားကစားသမားများ ‌ရွေးချယ်နိုင်‌ရေးအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစား နှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တို့           ပူး‌ပေါင်း၍ ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပရေး ပေါင်းစပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁နာရီက ရန်ကုန်မြို့အင်းလျားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပ သည်။  

 


ရှေးဦးစွာ    ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ‌ရေး    ဝန်ကြီး  မြို့တော်ဝန်       ဦးဗိုလ်ဌေးနှင့်    တိုင်းဒေသကြီး          ဥပဒေချုပ်   ဦးဌေးအောင်တို့က   အမှာစကား ‌ပြောကြားသည်။

 


ထို့နောက်    အားကစားနှင့် ကာယပညာဦးစီးဌာန   ညွှန်ကြား ရေးမှူးချုပ်   ဦးထွန်းမြင့်ဦးက ၂၀၂၂  ခုနှစ်  တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလှေလှော် ပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို လည်းကောင်း၊   ဒုတိယညွှန်ကြား ရေးမှူးချုပ်        ဦးကျော်ဦးက   အုပ်ချုပ်မှုပိုင်းဆိုင်ရာ   ကိစ္စရပ် များကိုလည်းကောင်း၊   မြန်မာ နိုင်ငံ    လှေလှော်အဖွဲ့ချုပ်  ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက  ပြိုင်ပွဲ အောင်မြင်စွာ     ကျင်းပနိုင်ရေး အတွက်   ပြိုင်ပွဲ ကျင်းပရေးဆိုင်ရာ လိုအပ်ချက်များနှင့်   အုပ်ချုပ်မှု ပိုင်းဆိုင်ရာ   လိုအပ်ချက်များကို လည်းကောင်း     အစည်းအဝေးသို့ တက်ရောက်လာသူများက မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေး နွေးတင်ပြကြသည်။

 


တင်ပြချက်များအပေါ် တိုင်း ဒေသကြီး   စည်ပင်သာယာရေး ဝန်ကြီး မြို့တော်ဝန်နှင့် တိုင်း ဒေသကြီး ဥပဒေချုပ်တို့က လိုအပ်  သည်များကို    ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


ထို့နောက် တိုင်းဒေသကြီး စည်ပင်သာယာရေး      ဝန်ကြီး မြို့တော်ဝန်က    နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် ယခုလို  ပြည့်ပြည့်စုံစုံ    ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးသည့်အတွက် အထူး ပင်      ကျေးဇူးတင်ရှိပါကြောင်း၊ ပြိုင်ပွဲမတိုင်မီ  လိုအပ်ချက်များ နှင့်     ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ရန် ကိစ္စရပ်များ ကို အချိန်နှင့်တစ်ပြေးညီ  အောင် မြင်စွာ   ကျင်းပနိုင်ရေးကို  အစွမ်း ကုန် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။

 


အဆိုပါပြိုင်ပွဲတွင် ကချင်ပြည် နယ်နှင့် ကယားပြည်နယ်မှလွဲ၍ ကျန်တိုင်း‌ဒေသကြီးနှင့် ပြည်နယ် များမှ အမျိုးသား ၁၃ သင်း၊ အမျိုး သမီး ၁၁ သင်း  အားကစားသမား စုစု‌ပေါင်း ၃၅၀‌ ကျော် ဝင်‌ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်‌ပြီး ပြိုင်ပွဲကို ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ   ၁ ရက်အထိ ရန်ကုန်မြို့ အင်းလျား ကန်၌ ကျင်ပသွားမည်ဖြစ်ကြောင်း  သိရသည်။ 


သတင်းနှင့်ဓာတ်ပုံ
အာကာစိုး