၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားအသင်းများအား အောင်နိုင်ရေးအလံ ပေးအပ်

 

 

နေပြည်တော်  ဇွန်   ၇
၂၀၂၂  ခုနှစ်  တိုင်းဒေသကြီးနှင့်  ပြည်နယ်    ရိုးရာခြင်းလုံးပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့်    ဘော်လီ ဘော ပြိုင်ပွဲများသို့  ဝင်ရောက် ယှဉ်ပြိုင်မည့်      ဧရာဝတီတိုင်း ဒေသကြီး ကိုယ်စားပြု အားကစား  အသင်းများအား   အောင်နိုင်ရေး အလံ ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ပိုင်းတွင်   ပုသိမ်မြို့  ဧရာရွှေဝါ ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်    ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး           ဗိုလ်ချုပ် အောင်အောင်နှင့်   ဌာနဆိုင်ရာ  တာဝန်ရှိသူများ၊      ပြိုင်ပွဲဝင် အားကစားသမားများနှင့်   ဖိတ် ကြားထားသူများ   တက်ရောက် ကြသည်။
ဦးစွာ    တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများသို့  ဝင်ရောက်     ယှဉ်ပြိုင်ကြမည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စား ပြု  အသင်းများကိုယ်စား  တိုက် ကွမ်ဒို     အသင်းအုပ်ချုပ်သူက ပြိုင်ပွဲ     ဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များကို      ရှင်းလင်း ပြောကြားသည်။ 
ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က         အမှာစကား ပြောကြားပြီး     ၂၀၂၂    ခုနှစ်  တိုင်းဒေသကြီးနှင့်       ပြည်နယ် အားကစားပြိုင်ပွဲ       များသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီ တိုင်းဒေသကြီး     ကိုယ်စားပြု ရိုးရာခြင်းလုံးအသင်း၊ တိုက်ကွမ်ဒို အသင်းနှင့် ဘော်လီဘောအသင်း တို့ကို        တိုင်းဒေသကြီး ဝန်ကြီးချုပ်က အောင်နိုင်ရေးအလံ နှင့်   ထောက်ပံ့ငွေများ   ပေးအပ် ချီးမြှင့်ရာ    တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။                         
သတင်းစဉ်