၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု  လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

 

 

နေပြည်တော်   ဖေဖော်ဝါရီ    ၂၂
၂၀၂၂    ခုနှစ်    တိုင်းဒေသကြီးနှင့်   ပြည်နယ်     အမျိုးသမီး    ကိုယ်ကာယကြံ့ခိုင်မှု    လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း    အခမ်း အနားကို ယနေ့   မွန်းလွဲပိုင်းတွင်   နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)  ၌  ကိုဗစ်-၁၉  ရောဂါ ကာကွယ်  ထိန်းချုပ်   ကုသရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ    ကျင်းပရာ    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်    ဒေါ်အေးနုစိန်၊ Jean   Phang   နော်တောင်နှင့်    စောဒန်နီယယ်၊  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများ၊ ဝန်ထမ်းများ တက်ရောက်ကြည့်ရှုအားပေး ကြသည်။
ယနေ့ ဗိုလ်လုပွဲစဉ် ပြိုင်ပွဲများအဖြစ်  တစ်ဦးချင်း   အေရိုးဗစ်ပြိုင်ပွဲများ  ယှဉ်ပြိုင်ကစားနေမှုများကို   တက်ရောက်လာကြသူများက  ကြည့်ရှုအားပေးကြ ပြီး   ဆုချီးမြှင့်ခြင်း   အခမ်းအနားကို   ဆက်လက် ကျင်းပရာ ငါးဦးတွဲ အေရိုးဗစ်ပြိုင်ပွဲ    နှစ်သိမ့်ဆုများ ရရှိသည့်                
ကရင်ပြည်နယ်၊    မွန်ပြည်နယ်နှင့်    မကွေးတိုင်းဒေသကြီး     အသင်း တို့ကို    မြန်မာနိုင်ငံ အမျိုးသမီး   အားကစားအဖွဲ့ချုပ် အမှုဆောင် ဒေါ်ဂျနီဖာတင်လေး  က    လည်း ကောင်း၊ သုံးဦးတွဲ အေရိုးဗစ်ပြိုင်ပွဲ တွင်    နှစ်သိမ့်ဆုများ   ရရှိသည့်  ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး အသင်းတို့ကို  မြန်မာနိုင်ငံ အမျိုးသမီးအားကစား အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အေး အေးရွှေ    က    လည်းကောင်း၊        တစ်ဦးချင်း အေရိုးဗစ်ပြိုင်ပွဲတွင်   နှစ်သိမ့်ဆုရရှိသည့်          ကရင် ပြည်နယ်၊     စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ်နှင့်  ပဲခူးတိုင်း ဒေသကြီးအသင်းတို့ကို     မြန်မာ နိုင်ငံ      အမျိုးသမီးအားကစား အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ရီရီဝင်း ကလည်းကောင်း၊      ငါးဦးတွဲ အေရိုးဗစ်ပြိုင်ပွဲတွင်          ပထမ၊ ဒုတိယနှင့်   တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊    ကချင် ပြည်နယ်နှင့်          ရှမ်းပြည်နယ် အသင်းများကို    အားကစားနှင့်  ကာယပညာဦးစီးဌာန   ညွှန်ကြား ရေးမှူးချုပ်    ဦးထွန်းမြင့်ဦးက လည်းကောင်း၊ သုံးဦးတွဲအေရိုးဗစ် ပြိုင်ပွဲတွင်      ပထမ၊   ဒုတိယနှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်း ဒေသကြီး၊     ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်   အသင်းများကို အားကစားနှင့်     လူငယ်ရေးရာ ဝန်ကြီးဌာန         ဒုတိယဝန်ကြီး ဦးမျိုးလှိုင်  က    လည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေး ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍     တစ်ဦးချင်း အေရိုးဗစ်ပြိုင်ပွဲတွင်  ပထမဆုရရှိ သည့် ကချင်ပြည်နယ်မှ မဇမီတန် ကို     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  Jean  Phang နော်တောင်   ကလည်းကောင်း၊  ဒုတိယနှင့်   တတိယဆုရရှိသည့်   ရခိုင်ပြည်နယ်မှ မအေးအေးစိုးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ မရတနာ လင်းအား နိုင်ငံတော်စီမံအုပ်ချုပ် ရေး  ကောင်စီအဖွဲ့ဝင်  စောဒန်နီ  ယယ်ကလည်းကောင်း   တစ်ဦး ချင်း ဆုတံဆိပ်နှင့်  ဆုကြေးငွေ များ ပေးအပ်ချီးမြှင့်ကြသည်။
တံခွန်စိုက်ဒိုင်းဆု ပေးအပ်
ထို့နောက် တံခွန်စိုက်ဒိုင်းဆု ရရှိသည့် ကချင်ပြည်နယ်အသင်း ကို  နိုင်ငံတော်  စီမံအုပ်ချုပ်ရေး  ကောင်စီအဖွဲ့ဝင်  ဒေါ်အေးနုစိန် က   တံခွန်စိုက်ဒိုင်းဆုကို   ပေးအပ် ချီးမြှင့်သည်။
၂၀၂၂     ခုနှစ်    ပြည်နယ်နှင့် တိုင်းဒေသကြီး       အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲကို တစ်မျိုးသား လုံး   ကျန်းမာကြံ့ခိုင်မှု   အဆင့် အတန်းမြှင့်တင်ရေး၊       ဒေသ အသီးသီးရှိ တိုင်းရင်းသားအချင်း ချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက် စေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်း သီး              အားကစားသမားများ ပေါ်ထွက်လာစေရန်       ရည်ရွယ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း      သိရ သည်။                        သတင်းစဉ်