
၂၀၂၂ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများစွာတို့တွင် ထူးခြားဖြစ်စဉ်များကို မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြခဲ့မှုများအနက်မှ ကောက်နုတ်စုစည်း ဖော်ပြအပ်ပါသည်။
ဇန်နဝါရီ ၆
ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြင်ဆင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေ အမှတ်၊ ၁ / ၂၀၂၂ ဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက် ရက်စွဲဖြင့် ပြဋ္ဌာန်းခဲ့သည်။
တပ်မတော်(လေ)၏ပထမဆုံး အမျိုးသမီးလေသူရဲနှစ်ဦး
တပ်မတော်(လေ)အတွက်သာမက တပ်မတော်တစ်ရပ်လုံးအတွက် ပါ မှတ်တမ်းတင်ဂုဏ်ယူရမည့် အမျိုးသမီးလေသူရဲများ မွေးထုတ်ပေး နိုင်ခဲ့သည့် လေယာဉ်မောင်းသင်တန်း အမှတ်စဉ် (၈၃) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၆ ရက်က ကျင်းပခဲ့ပြီး ထူးခြားချက်အနေဖြင့် တိုက်ခိုက်ရေးလေယာဉ်မောင်းနှင်မည့် အမျိုးသမီး တိုက်လေသူရဲ (၂)ဦးဖြစ်သည့် ဗိုလ်ဒေါ်ဝါဝါမော်နှင့် ဗိုလ်ဒေါ်လဲ့ဝေအောင် တို့ကို တပ်မတော်(လေ)၏ ပထမဆုံး အမျိုးသမီးတိုက်လေသူရဲများအဖြစ် ပျံသန်းရေးတာဝန်များ စတင်ထမ်းဆောင်ခွင့်ပြုခဲ့သည်။
ဇန်နဝါရီ ၇
ကမ္ဘောဒီးယားဝန်ကြီးချုပ်
လာရောက်
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ သို့ အလုပ်သဘော ခရီးစဉ် ရောက်ရှိလာသည့် ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN အား ဇန်နဝါရီ ၇ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံပွဲ တွင် နှစ်နိုင်ငံသံတမန် ဆက်ဆံ ရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် ကမ္ဘောဒီးယားနိုင်ငံမှ ပါဝင်ကူညီဆောင်ရွက် နိုင်မည့် အခြေအနေ၊ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်နှင့်အညီ မြန်မာနိုင်ငံမှ ဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေးကိစ္စများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
သီရိလင်္ကာနိုင်ငံသို့ ဆန်တင်ပို့
မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ G to G အစီအစဉ်ဖြင့် ဆန်တင်ပို့ ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် သီရိလင်္ကာနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနတို့ အကြား နှစ်နိုင်ငံသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို ဇန်နဝါရီ ၇ ရက်က ကျင်းပသည်။ အဆိုပါ သဘောတူစာချုပ်အရ ဆန်ရောင်းဝယ်မှုကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် သီရိလင်္ကာ နိုင်ငံ Sri Lanka State Trading(General) Corporation တို့က ဆောင်ရွက်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံဘက်မှ နှစ်စဉ် ဆန်ဖြူ တန်ချိန် ၁၀၀၀၀၀၀ နှင့် ပေါင်းဆန်တန်ချိန် ၅၀၀၀၀ တို့ကို သီရိ လင်္ကာနိုင်ငံသို့ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း တင်ပို့သွားမည် ဖြစ်သည်။
ဇန်နဝါရီ ၁၉
ကြိုးကြာခေါင်းမည်းငှက်မျိုးစိတ်သစ် တွေ့ရှိ
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းရှိ မိုးယွန်း ကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ မှတ်တမ်းတင်ထားခြင်း လုံးဝမရှိသေးသည့် ကြိုးကြာခေါင်းမည်းငှက်မျိုးစိတ် သစ်တစ်မျိုးကို ပထမဆုံးအကြိမ် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးက ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန်သည်။
ဇန်နဝါရီ ၂၉
လူငယ်နှင့်စာပေပွဲတော် ကျင်းပ
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ် နှင့် စာပေပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက်က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် အဆိုပါ လူငယ်နှင့် စာပေပွဲတော်ကို ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပ ခဲ့သည်။
ဇန်နဝါရီ ၃၁
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၂) ကို ဇန်နဝါရီ ၃၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ယာယီ သမ္မတ အပါအဝင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထား သည့် ကာလအား ခြောက်လသက်တမ်းတိုးမြှင့်ကြောင်း တစ်ညီ တစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။
ဖေဖော်ဝါရီ ၇
ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားသို့ ဖိတ်ကြားခြင်း ကြေညာချက်အမှတ် ၁ / ၂၀၂၂ ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးတို့အား စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ကြရန်နှင့် တက်ရောက် စဉ် ကာလအတွင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် ကျင်းပမည့် ထာဝရ ငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးကြရန် အထူးဖိတ်ကြားခဲ့သည်။
ဖေဖော်ဝါရီ ၁၂
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ထုတ်ပြန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီလ ၁၂ ရက် ရက်စွဲဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၁၄/၂၀၂၂)၊ (၁၅/၂၀၂၂)၊ (၁၆/၂၀၂၂)နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဝင်များနှင့် ဆက်စပ်သူများ၏ ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခြင်း အမိန့်အမှတ် (၁၇/၂၀၂၂ )တို့ကို ထုတ်ပြန်ခဲ့သည်။
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပ
၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော်ရှိ ဗိုလ်ရှုခံရင်ပြင် ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ပြုစစ်ကြောင်းများ၏ အလေးပြု ခြင်းကို ခံယူသည်။
ဖေဖော်ဝါရီ ၂၁
အပြည်ပြည်ဆိုင်ရာတရားရုံးသို့ ကနဦးကန့်ကွက်လွှာတင်သွင်း
ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ တရားရုံး တွင် စီရင်ခွင့်မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့်လည်း တရားစွဲဆိုခွင့် မရှိကြောင်း ကနဦးကန့်ကွက်လွှာကို မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် တင်သွင်းခဲ့သည်။ မြန်မာ နိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ ပြုလုပ်ခဲ့သည်။
ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲတွင် မြန်မာနိုင်ငံ၏ ပထမအကြိမ်နှုတ်ဖြင့် လျှောက်လဲမှုကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ ကနဦးကန့်ကွက်လွှာ ကြားနာပွဲသို့ မြန်မာနိုင်ငံကိုယ်စားလှယ် (Agent) နှင့်အတူ ပူးတွဲ ကိုယ်စားလှယ် (Alternate Agent) ဖြစ်သူ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ပါဝင်တက်ရောက်ခဲ့သည်။
မတ် ၃
ထိုင်း- မြန်မာ နယ်စပ်ဒေသတွင် ဘတ်/ကျပ် ပေးချေမှုခွင့်ပြု
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမိန့်ကြော်ငြာစာအမှတ် (၅ /၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ထိုင်း- မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန် ချောမွေ့စေရန်၊ နှစ်နိုင်ငံ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန်နှင့် ASEAN Financial Integration ၏ ရည်ရွယ် ချက်များနှင့်အညီ ပြည်တွင်းငွေကြေးသုံးစွဲမှုကို တိုးမြှင့်ရန်တို့အတွက် ရည်ရွယ်၍ ထိုင်း- မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသတွင် ဘတ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုခဲ့သည်။
မတ် ၁၀
အမျိုးသားဥယျာဉ်သတ်မှတ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်၊ မေလ တွင် ထုတ်ပြန်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေ များ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(ကအရ အပ်နှင်းထားသည့် အခွင့်အာဏာများကိုကျင့်သုံး၍ ချင်းပြည်နယ် ဟားခါး ခရိုင် ထန်တလန်မြို့နယ်အတွင်းရှိ ဧရိယာ ၁၂၃၄၁ ဒသမ ၈ ဧကကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် မီအေပီ၊ ရဟူတူ၊ လှိမ်ရောမ်း အမျိုးသားဥယျာဉ်အဖြစ် ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်မှ စတင်သတ်မှတ်ကြောင်း ကြေညာခဲ့သည်။ (ဆက်လက်ဖော်ပြပါမည်)
သတင်းအဖွဲ့- စုစည်းတင်ပြသည်