၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

 

နေပြည်တော်    ဖေဖော်ဝါရီ   ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ၂၀၂၂ ခုနှစ် သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေး ဦးစီးကော်မတီ နှင့် လုပ်ငန်းကော်မတီ  ညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက် ၁၀  နာရီတွင်  ရုံးအမှတ် (၃၁)  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့  သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး      ဦးကိုကို၊ ဦးစီးကော်မတီနှင့်         လုပ်ငန်း ကော်မတီအသီးသီးတို့မှ ဖိတ်ကြား ထားသူများနှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြသည်။
အစဉ်အလာအတိုင်း ကျင်းပ  
အစည်းအဝေးတွင်       ၂၀၂၂ ခုနှစ်       သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ    ဆက်ကပ် လှူဒါန်းပွဲနှင့်     ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေး    ဦးစီး ကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီး    ဦးကိုကို    က အဖွင့်အမှာစကား ပြောကြားရာ၌  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ      နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲ        အခမ်းအနားကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့်  ဆွမ်းဆန်တော်     လောင်းလှူပွဲ အခမ်းအနားတို့ကို နှစ်စဉ်ကျင်းပ မြဲ အစဉ်အလာအတိုင်း ကျင်းပ  ပြုလုပ်ရန် စီစဉ်ထားပါကြောင်း၊ ဘွဲ့တံဆိပ်တော် ဆက်ကပ်မှုအနေ ဖြင့် ပြည်တွင်းဘွဲ့ခံ ရဟန်းတော် အပါး ၂၇၀ ၊ သီလရှင် ၄၁ ပါးနှင့် လူပုဂ္ဂိုလ်   ၂၇   ဦး၊   ပြည်ပဘွဲ့ခံ ရဟန်းတော်  ၁၂  ပါး၊ လူပုဂ္ဂိုလ် အမျိုးသမီး   တစ်ဦး  စုစုပေါင်း ၃၅၁ ပါး/ဦး ဖြစ်ပါကြောင်း။
စနစ်တကျခွဲဝေဆောင်ရွက်
အဆိုပါ  အခမ်းအနားများကို ကျန်းမာရေးဝန်ကြီး              ဌာန၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ် ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သွားမည်       ဖြစ် ကြောင်း၊ အခမ်းအနားများကျင်းပ နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး         ကောင်စီရုံးက နာယကအဖွဲ့နှင့် ဦးစီးကော်မတီတို့ကို ဖွဲ့စည်းပေး  ခဲ့ပြီး လုပ်ငန်းများ စနစ်တကျခွဲဝေ ဆောင်ရွက်နိုင်ရန်       လုပ်ငန်း ကော်မတီနှင့်    ဆပ်ကော်မတီ ၁၁    ခုတို့ကို     သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဖွဲ့စည်း ပေးခဲ့ပါကြောင်း၊    ကိုဗစ်-၁၉ ရောဂါ      ကူးစက်မှုနှုန်းအပေါ် မူတည်၍  Plan A/ Plan B ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သာသနာရေးနှင့်         ယဉ်ကျေးမှု ဝန်ကြီးဌာနမှ      ဆပ်ကော်မတီ ခြောက်ခု၊ ဆက်စပ်ဝန်ကြီးဌာန များမှ    ဆပ်ကော်မတီ    ငါးခု၊ စုစုပေါင်းဆပ် ကော်မတီ ၁၁ ခုတို့ အနေဖြင့်     အပြန်အလှန်ညှိနှိုင်း ပေါင်းစပ်ပြီး   ကုသိုလ်ယူဆောင် ရွက်ပေးကြပါရန် ပြောကြားသည်။
ထို့နောက်   ဆပ်ကော်မတီ များက ၂၀၂၂ ခုနှစ် သာသနာတော် ဆိုင်ရာ       ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန် တော်လောင်းလှူပွဲ အခမ်းအနား အောင်မြင်စွာ       ကျင်းနိုင်ရေး အတွက်  သက်ဆိုင်ရာဆပ်ကော်မတီ အလိုက်     ဆောင်ရွက်ထားရှိမှု  အခြေအနေများကို         တင်ပြ ဆွေးနွေးခဲ့ကြပြီး တင်ပြချက်များ အပေါ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန       ပြည်ထောင်စု ဝန်ကြီးက      လိုအပ်သည်များ မှာကြားပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပွဲတွင် ဆက်ကပ်မည့်  ဘွဲ့ တံဆိပ်အဆောင်အယောင်ပစ္စည်း  များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်