
နေပြည်တော် စက်တင်ဘာ ၂၄
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်အပ်နှင်းနိုင်ရေး စိစစ်ရေးအဖွဲ့၏ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဂုဏ်အင်္ဂါအရည်အချင်း စိစစ်ရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း ချီးမြှင့်နိုင်ရန် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတို့မှ အဆိုပြုလျှောက်ထားလာသည့် ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်တို့အား “သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ပြဋ္ဌာန်းချက်” ပါ ဂုဏ်အင်္ဂါ အရည်အချင်း သတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတို့မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ လျှောက်ထား လာသည့် ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်တို့ကို သတင်း ရဲတပ်ဖွဲ့နှင့် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနတို့ အနေဖြင့် ဝိဝါဒါ ဓိကရုဏ်းမှုခင်း၊ အနုဝါဒါဓိကရုဏ်း မှုခင်းများ ကင်းရှင်းမှု ရှိ/မရှိ၊ ကိုယ်ရေးနောက်ကြောင်း ကင်းရှင်းမှု ရှိ/မရှိ တို့ကို စိစစ်ပေးရန်လိုအပ်ပါ ကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် သာသနာနုဂ္ဂဟဘွဲ့ လျှောက်ထားကြသည့် လူပုဂ္ဂိုလ် တို့မှ နိုင်ငံတော်သို့ပေးဆောင်ရမည့် အခွန်ငွေများ အကြေပေးသွင်းပြီးခြင်း ရှိ/ မရှိ၊ အခြားပေးရန် ကြွေးကျန်များ ရှိ/ မရှိ တို့ကို စိစစ်ပေးရန်လိုအပ် ကြောင်း၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန အနေဖြင့် နိုင်ငံသားဖြစ်မှုအခြေအနေနှင့် သာသနာ ဝင်/ သာသနာ့နွယ်ဝင်စိစစ်ရေးကတ်၊ နိုင်ငံသားစိစစ် ရေးကတ် ကိုင်ဆောင်မှုအခြေအနေတို့ကို စိစစ် ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်နိုင်ရေးအတွက် ဦးစီးဌာန အလိုက် အဆိုပြုလွှာ စိစစ်ဆောင်ရွက်ထားရှိမှုများကို သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ဆွေးနွေးတင်ပြကြပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ သတင်းရဲတပ်ဖွဲ့နှင့် အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များက လည်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြကြပြီး စိစစ်ဆောင်ရွက် ပြီးစီးမှုကို အောက်တိုဘာ ၂၅ ရက်နောက်ဆုံးထား၍ ပြန်လည်ပေးပို့ရန် နေ့ရက်သတ်မှတ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် ၂၀၂၂ ခုနှစ် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်အပ်နှင်းနိုင်ရေးအတွက် ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များအား သတ်မှတ်ဂုဏ်အင်္ဂါ အရည်အချင်းများနှင့်အညီ စိစစ် ရွေးချယ်ရန်လိုအပ်သလို၊ သတ်မှတ်ဂုဏ်အင်္ဂါ အရည်အချင်းများနှင့် ကိုက်ညီမှုမရှိသော ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များကိုလည်း ရွေးချယ်ခြင်းမပြုမိ စေရန် လိုအပ်ကြောင်းနှင့် အဂတိတရားလေးပါး ကင်းရှင်းစွာဖြင့် မှန်မှန်ကန်ကန် စိစစ်ရွေးချယ်နိုင်ရေး အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
သတင်းစဉ်