
ပဲခူး မတ် ၁၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေး ခန်းမ၌ မတ် ၁၀ ရက် နံနက်ပိုင်း က ၂၀၂၂ ခုနှစ်၊ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ် လှူဒါန်းပွဲ ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပွဲ အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေး ဆပ်ကော်မတီများ လည်း ဖွဲ့စည်းပေးထားပြီးဖြစ် ကြောင်း၊ ဖွဲ့စည်းပေးထားသည့် ဆပ်ကော်မတီအလိုက် လုပ်ငန်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရှိမှုများနှင့်ပတ်သက်၍ အသေး စိတ် တင်ပြပေးစေလိုကြောင်း၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အခက်အခဲများရှိပါက ဖြည့်ဆည်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
ထို့နောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်မင်း က သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားအောင်မြင် စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေ ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက ဆပ်ကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ ကိုလည်းကောင်း၊ တက်ရောက် လာသည့် ဆပ်ကော်မတီဥက္ကဋ္ဌ များက သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုများအား အသီးသီးတင်ပြ ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်က လိုအပ်သည်များ ဖြည့်စွက် မှာကြားသည်။
ပဲခူးတိုင်းဒေသကြီး ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပွဲတွင် ရဟန်း/သံဃာ ၁၆ ပါး၊ သီလရှင် လေးပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးတို့အား သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ် လှူဒါန်းသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်