၂၀၂၂ ခုနှစ် ရူပဗေဒ နိုဗယ်ဆုကို နိုင်ငံသုံးနိုင်ငံမှ သိပ္ပံပညာရှင်များ ပူးတွဲရရှိ

 

စတော့ဟုမ်း   အောက်တိုဘာ   ၄ 


ပြင်သစ်နိုင်ငံမှ အလိန်းအက်စ်ပက်တ်၊  အမေရိကန် ပြည်ထောင်စုမှ ဂျွန်အက်ဖ်ကလူဆာနှင့် သြစတြီးယား မှ ဇီလင်ဂါတို့သည် ကွမ်တမ်သတင်းအချက်အလက် သိပ္ပံဖြင့် ၂၀၂၂ ခုနှစ်   ရူပဗေဒ  နိုဗယ်ဆုကို ပူးတွဲ ရရှိခဲ့ကြောင်း   တော်ဝင်ဆွီဒင်  သိပ္ပံအကယ်ဒမီက အောက်တိုဘာ ၄ ရက်၌ ကြေညာလိုက်သည်။ 

 


ရှုပ်ထွေးနေသော  ဖိုတွန်စမ်းသပ်မှုများ၊ ဘဲလ် မညီမျှမှုကို လိုက်နာခြင်းမရှိပုံကို ဖော်ထုတ်နိုင်ခြင်း နှင့်    ကွမ်တမ်သတင်းအချက်အလက်  သိပ္ပံဆိုင်ရာ နယ်ပယ်သစ်ချဲ့ထွင်ခြင်းတို့တွင်    ထူးချွန်ပြောင် မြောက်အောင်   စွမ်းဆောင်နိုင်ခဲ့သဖြင့်    ၎င်းတို့ကို ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း          အကယ်ဒမီက ကြေညာချက်တွင် ထုတ်ပြန်ဖော်ပြခဲ့သည်။ 

 


ကွမ်တမ်မက္ကင်းနစ်များ၏          ပြောမပြ တတ်နိုင်သော         အကျိုးသက်ရောက်မှုများသည်   အက်ပလီကေးရှင်းများကို  ရှာဖွေရာတွင် အသုံးဝင်နေ ပြီဖြစ်သည်။    ယခုအခါတွင်   ကွမ်တမ်ကွန်ပျူတာများ၊ ကွမ်တမ်ကွန်ရက်များနှင့်  စိတ်ချရသော ကွမ်တမ် ကုဒ်စနစ် ဆက်သွယ်ရေးများ ပါဝင်သော သုတေသန နယ်ပယ်ကြီးတစ်ခု   တည်ရှိနေပြီဖြစ်သည်။

 


ပြင်သစ်နိုင်ငံ   အေဂျင်တွင် ၁၉၄၇ ခုနှစ်က မွေးဖွားခဲ့သော   အက်စ်ပက်တ်သည်    ပဲရစ်-ဆက်ကလေး တက္ကသိုလ်တွင် ပါမောက္ခတစ်ဦးဖြစ် သည်။  ကလူဆာသည် အသက် ၈၀နှစ်ရှိပြီဖြစ်ကာ အမေရိကန်ပြည်ထောင်စု၏  ဂျေအက်ဖ် ကလူဆာ နှင့် အဆိုစီအိတ်တွင် ရူပဗေဒသုတေသီတစ်ဦး ဖြစ် သည်။ အသက် ၇၇ နှစ်ရှိ ဇီလင်ဂါသည် ဗီယင်နာ တက္ကသိုလ်တွင်   ပါမောက္ခတစ်ဦးအဖြစ်   တာဝန် ထမ်းဆောင်လျက်ရှိသည်။   ယခုနှစ်     ရူပဗေဒ နိုဗယ်ဆုသည်  ဆွီဒင် ခရိုနာ ၁၀ သန်းရှိပြီး ဆုရရှိ သူများ ခွဲဝေယူရမည်ဖြစ်သည်။              

 

ဆင်ဟွာ