၂၀၂၂ ခုနှစ် ပထမခြောက်လပတ် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားခဲ့သည်များကို ထပ်ဆင့်မှာကြားရှင်းလင်းသည့် အစည်းအဝေးကျင်းပ

 

နေပြည်တော်   ဩဂုတ်   ၁၇


ပြည်ထောင်စုအဆင့်         အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၏     ၂၀၂၂   ခုနှစ် ဖေဖော်ဝါရီလ   ၁  ရက်မှ  ဇူလိုင်  ၃၁   ရက်အထိ ခြောက်လပတ်       လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့်  လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့သည်များကို    ပြည်ထောင်စု ဝန်ကြီးက ထပ်ဆင့်မှာကြား     ရှင်းလင်းခြင်းနှင့် လမ်းညွှန်ချက်များအပေါ်    ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ရေးအတွက်          ညှိနှိုင်း ဆွေးနွေးမှုကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန   ရုံးအမှတ်(၁)  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ   ရင်းနှီးမြှုပ်နှံမှုနှင့်    နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦး   တက်ရောက်၍   ဆွေးနွေးမှာကြား သည်။

 


အစီအစဉ်များကို တင်ပြ


ထို့နောက် ပြည်ထောင်စုဝန်ကြီး၏ ထပ်ဆင့် မှာကြားရှင်းလင်းမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးချက်များ အပေါ် သက်ဆိုင်ရာဌာန အကြီးအကဲများက ဌာန အလိုက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြကြသည်။ 

 


ဆွေးနွေးပြောကြား


ဆက်လက်၍  ဒုတိယဝန်ကြီးက ဝန်ကြီးဌာန၏ လုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း သည့်       သုံးသပ်ချက်များကို    လည်းကောင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ ခြောက်လပတ် လုပ်ငန်းဆောင်ရွက်ချက်များနှင့်   စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏   လမ်းညွှန်မှာကြား ချက်များအပေါ် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များကို   ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။      
              

သတင်းစဉ်