၂၀၂၂ ခုနှစ် ပြည်တွင်းပတ်လည် ဂေါက်ရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်) ပွဲစဉ်အတွက် လက်ရည်စစ်ပွဲကျင်းပမည်

 

ရန်ကုန်  အောက်တိုဘာ  ၂၅


မြန်မာနိုင်ငံတွင်       ထူးချွန်သော ဂေါက်သီး     အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာ နိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာ ပီဂျီအေတို့က စီစဉ်၍  မြဝတီဘဏ် လီမိတက်နှင့်  အင်းဝဘဏ်လီမိတက် တို့က  အဓိကကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ်   မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ  (ပြင်ဦးလွင်) ပွဲစဉ်ကို   နိုဝင်ဘာ   ဒုတိယပတ်တွင် ပြင်ဦးလွင်မြို့ရှိ         ချယ်ရီလွင် ဂေါက်ကွင်း၌ ကျင်းပမည်ဖြစ်သည်။

 


ပြိုင်ပွဲတွင်  ပညာရှင်အဆင့်၊ ဝါသနာရှင်အဆင့်       (အမျိုးသား)(H’cap 0-12) ဝါသနာရှင်အဆင့် (အမျိုးသမီး)    (H’cap 0-18)ယှဉ်ပြိုင် ကစားခွင့်ပြုမည်ဖြစ်ပြီး ပြိုင်ပွဲကို စိန့်အင်ဒရူး ဂေါက်သီး စည်းမျဉ်းများနှင့်    ဒေသန္တရ စည်းမျဉ်းများအတိုင်း   ကျင်းပ မည်ဖြစ်သည်။

 


အဆိုပါပြိုင်ပွဲတွင် လူဦးရေ ကန့်သတ်   ထားသောကြောင့် ဝါသနာရှင်အဆင့်  (အမျိုးသား)ပြိုင်ပွဲအတွက်        လက်ရည်စစ် ပြိုင်ပွဲကျင်းပမည်ဖြစ်ပြီး ပါဝင် ယှဉ်ပြိုင်ခွင့်ကို   စိစစ်ရွေးချယ် မည်ဖြစ်သည်။    လက်ရည်စစ် ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ မြို့တော် ဂေါက်ကွင်း (ငွေသော်တာ)နှင့် ပြင်ဦးလွင်မြို့ရှိ         ပြင်ဦးလွင် ဂေါက်ကလပ်တို့တွင် အောက်တို ဘာ ၃၁ ရက်နှင့် နိုဝင်ဘာ ၁ရက် တွင် ကျင်းပမည်ဖြစ်ပြီး ယှဉ်ပြိုင် လိုသူများအနေဖြင့် အောက်တို ဘာ ၃၀ ရက် မွန်းလွဲ  ၂ နာရီ နောက်ဆုံးထားကာ    ရန်ကုန် လက်ရည်စစ်ပွဲအတွက်   ဖုန်း ၀၉-၄၂၁၀၀၂၂၅၉ နှင့် ပြင်ဦးလွင် ပွဲစဉ်အတွက်   ဖုန်း ဝ၉-၄၂၆ ၆၆၀၀၀၃ ထံ   စာရင်းပေးသွင်း ရမည်ဖြစ်သည်။

 


လက်ရည်စစ်        ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူများသည် ဝင်ကြေးပေးသွင်းရန်  မလိုသော် လည်း ဂေါက်ကွင်းသို့ ပေးသွင်းရ မည့် Green fees, Caddie တို့ အား မိမိအစီအစဉ်ဖြင့် ပေးသွင်း ရမည်ဖြစ်သည်။ ပြိုင်ပွဲအတွက် ရန်ကုန်လက်ရည်စစ်ပွဲမှ   ၄၀ ၊ ပြင်ဦးလွင်  လက်ရည်စစ်ပွဲမှ အားကစားသမား   ၄၀    စီ ရွေးချယ်မည် ဖြစ်သည်။

 


ဝါသနာရှင်အဆင့်  (အမျိုး သားများအတွက်) ၂၀၁၉ ခုနှစ် မြန်မာပြည်တွင်း     ပတ်လည် ဂေါက်ရိုက်ပြိုင်ပွဲ၏     ကျင်းပ ပြီးစီးခဲ့သည် ပွဲစဉ် (၆)ပွဲတို့တွင် Order of Merit ဇယားများအရ အဆင့် (၁) မှ (၃၀) အတွင်း ရရှိ သူများသည်   ယခုလက်ရည်စစ် ပြိုင်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင် စရာမလိုဘဲ ၂၀၂၂ ခုနှစ် မြန်မာ ပြည်တွင်း ပတ်လည်ဂေါက်ရိုက်   ပြိုင်ပွဲ   (ပြင်ဦးလွင်)  ပွဲစဉ်တွင်  တိုက်ရိုက်ယှဉ်ပြိုင်ခွင့်   ရမည် ဖြစ်သည်။                

ကိုညီလေး