
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို
ပြင်ဆင်သည့်ဥပဒေ
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၄၈ / ၂၀၂၂) ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်
(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေ ကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေ ကို ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ (က) ဤဥပဒေ၏ ပုဒ်မ ၃ နှင့် ပုဒ်မ ၄ ပါ ကိစ္စရပ်များသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အကျိုးသက်ရောက်စေရမည်။
( ခ ) ဤဥပဒေ၏ ပုဒ်မ ၅ ပါ ကိစ္စရပ်သည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ အကျိုး သက်ရောက်စေရမည်။
၃။ ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) အထူးကုန်စည်ခွန်ကျသင့်စေသည့် ဇယားအမှတ်စဉ် ၁၂ (က)၊ (ခ) နှင့် (ဂ) တို့တွင်ပါရှိသော “လျှပ်စစ်ကားများမှအပ” ဆိုသည့် စကားရပ်ကို “ဘက်ထရီလျှပ်စစ်ကား [Battery Electric Vehicle (BEV)] များမှအပ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၄။ ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ (က) ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေသည့် ကုန်စည်များ ဇယား၏ အမှတ်စဉ် ၄၅ နောက်၌ အမှတ်စဉ် ၄၆ ကို အောက်ပါ အတိုင်း ဖြည့်စွက်ရမည် -