
နေပြည်တော် ဩဂုတ် ၃
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၉) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီ တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား ကွင်း၌ ကျင်းပသည်။
ကြည့်ရှုအားပေး
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်း ဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညား အောင်မိုးနှင့် ဦရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ဘောလုံးဝါသနာရှင် များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကရင်ပြည်နယ် အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ ကရင်ပြည်နယ်အသင်းက မွန်ပြည်နယ် အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ငွေသားဆုများ ပေးအပ်ချီးမြှင့်
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက အကောင်းဆုံး ဂိုးသမားဆုရ သန်းရွှေဌေး (ကရင်ပြည်နယ်အသင်း) ကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးက အကောင်းဆုံးနောက်တန်း ကစားသမားဆုရ ရဲထက်နိုင် (မန္တလေးတိုင်းဒေသကြီးအသင်း) နှင့် အကောင်းဆုံး အလယ်တန်း ကစားသမားဆုရ ကောင်းထက်ပိုင် (မွန်ပြည်နယ်အသင်း) တို့ကို လည်း ကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က အကောင်းဆုံး ရှေ့တန်းကစား သမားဆုရ စီးရဖိုး (ကရင်ပြည်နယ်အသင်း) နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုရ ထွန်းထွန်းနိုင် (ကချင်ပြည်နယ်အသင်း) တို့ကို လည်းကောင်း တစ်ဦးချင်းအကောင်းဆုံးဆုတံဆိပ် များနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်က စတုတ္ထဆုရရှိ သည့် ကချင်ပြည်နယ်အသင်းအား ငွေသားဆုကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးမောင်းဟာက တတိယဆုရရှိသည့် မန္တလေး တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ် များနှင့် ငွေသားဆုကိုလည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က ဒုတိယဆုရရှိသည့် မွန်ပြည်နယ် အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသား ဆုကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က ပထမဆုရရှိသည့် ကရင်ပြည်နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ် များနှင့် ငွေသားဆုကိုလည်းကောင်း ပေးအပ်ချီးမြှင့် ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ပထမဆုရရှိသည့် ကရင်ပြည်နယ်အသင်းအား အမျိုးသားတံခွန်စိုက် ဒိုင်းကို ပေးအပ်ချီးမြှင့်သည်။
ပါဝင်ယှဉ်ပြိုင်ကစား
၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၉) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်မှ ဩဂုတ် ၃ ရက်အထိ ပြိုင်ပွဲဝင်အသင်းပေါင်း ၁၄ သင်းမှ အားကစားသမား စုစုပေါင်း ၃၂၅ ဦး ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်