
နေပြည်တော် အောက်တိုဘာ ၂၅
၂၀၂၂ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ပိတ်ပွဲ ကို ယနေ့ညနေပိုင်းတွင် နေပြည် တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ၌ ကျင်းပသည်။
ယနေ့ပြပွဲတွင် ရောင်းချသည့် ကျောက်စိမ်းအတွဲအမှတ် (၁၅၀၁) မှ အတွဲအမှတ် (၂၁၅၀) အတွက် တင်သွင်းထားသော ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူ များက ဖွင့်ဖောက်စစ်ဆေးရာ ကျောက်စိမ်းအတွဲပေါင်း ၅၁၉ တွဲ ရောင်းချရကြောင်း ကြေညာ သည်။
နှစ်လယ်မြန်မာ့ကျေက်မျက်ရတနာပြပွဲတွင် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည် ၂၉၆၀ အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၄၀၀ ကို အောက်တိုဘာ ၂၀ ရက်မှ ၂၁ ရက် အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲ ပေါင်း ၃၆၂ တွဲကို လည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ ကို အောက်တိုဘာ ၂၂ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက် အတွဲပေါင်း ၅၅ တွဲကိုလည်း ကောင်း၊ ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ ကို အောက်တိုဘာ ၂၃ ရက် မှ ၂၅ ရက်အထိ ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ ၁၈၃၆ တွဲကို လည်းကောင်း ရောင်းချပေးနိုင် ခဲ့သည်။
ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များက ပြပွဲတွင် ဝယ်ယူ ခွင့်ရရှိခဲ့သော ကျောက်အတွဲများ အတွက် တန်ဖိုးငွေများကို အရောင်းအဝယ် စာချုပ်တွင် သတ်မှတ်ထားသည့် ရက်ပေါင်း ၆၀ အတွင်း ပေသွင်းရမည်ဖြစ် ကြောင်း သိရသည်။
ယခုကဲ့သို့ ပြပွဲများကျင်းပကာ မြန်မာ့ကျောက်မျက်ရတနာများ ကို ရောင်းချခြင်းဖြင့် ကျောက်မျက် ရတနာ ရောင်းဝယ်သူများအတွက် ငွေကြေးလည်ပတ်ခြင်း၊ ကျောက် မျက်ရတနာ အချောထည် လုပ်ကိုင်သူများအတွက် ကုန်ကြမ်း ရရှိခြင်းနှင့် ကျောက်မျက်ကဏ္ဍမှ လုပ်သားများအတွက် အလုပ် အကိုင်များ အဆင်ပြေခြင်း စသည့် အခွင့်အလမ်းများ လည်း ရရှိမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်