၂၀၂၂ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

နေပြည်တော်    ဖေဖော်ဝါရီ    ၂


၂၀၂၂ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day)   အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး ပဲခူး မြို့နယ်ရှိ   မိုးယွန်းကြီးအင်းဘေးမဲ့တော  ကြိုးကြာ ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင်            ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပထဝီအနေအထား တည်ရှိမှုအရ    ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ပဲခူး-စစ်တောင်းမြစ်ဝှမ်းဒေသ၊ မုတ္တမပင်လယ်ကွေ့ ဒေသတို့၏ ရေဝေ၊ ရေလဲအစဖြစ်သည့် ပဲခူးရိုးမကြီး ဖြစ်တည်နေခြင်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ဆည်၊ တာတမံများ ပေါများခြင်း စသောကုန်းတွင်းရေဝပ် ဒေသ ဂေဟစနစ်များ၊ ရေဝပ်ဒေသ ဂေဟစနစ်ကို အဓိကထားတွေ့မြင်ရခြင်း၊ ပိုင်ဆိုင်ခြင်းများက ပဲခူး တိုင်းဒေသကြီးကို စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် အဓိကအရင်းအမြစ်ဒေသတစ်ခုအဖြစ်   ထင်ရှား စေကြောင်း၊ ဆောင်းခိုရေပျော်ငှက်များ အစာပေါ များစွာရရှိစေရန်နှင့် ဒေသခံများ၏ စားဝတ်နေရေး အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ငါးသယံဇာတ ရေရှည်တည်တံ့စေရေးအတွက် တိုင်းရင်းငါးမျိုးစိတ် ကောင်ရေ ၆၅၀၀၀၀ ကို ပြီးခဲ့သောမိုးရာသီတွင် ထည့်သွင်းပြီးဖြစ်ကြောင်း၊      ကျူးကျော်အခြေချ ယာယီငါးရှာတဲများ ဖယ်ရှားခြင်းကိုလည်း လမ်းညွှန် ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဆောင်းခိုငှက် များ ကျရောက်ချိန်တွင် ဖမ်းဆီးခြင်း၊ အဆိပ်ချခြင်းမရှိ စေရန်    ပညာပေးဆိုင်းဘုတ်    စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဆောင်းခိုငှက်များ တွေ့ရှိဖမ်းဆီးရမိပြီး သတင်းပေးပို့ပါက ဆုငွေချီးမြှင့် ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြော ကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက ကမ္ဘာ့ရေဝပ်ဒေသများနေ့အထိမ်းအမှတ်      အခမ်း အနားကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်ကစတင်ပြီးနှစ်စဉ်ကျင်းပခဲ့ကြောင်း၊ ယခု ၂၀၂၂ ခုနှစ် ကမ္ဘာ့ရေဝပ် ဒေသများနေ့၏ ဆောင်ပုဒ်မှာ“Wetlands Action for People and Nature     (လူသားနှင့် သဘာဝ ပတ်ဝန်းကျင်သာယာဝပြောရေး ရေဝပ်ဒေသများ ထိန်းသိမ်းပေး)” ဖြစ်ကြောင်း၊ ရေဝပ်ဒေသများ တည်တံ့မှုနှင့်    သဘာဝပတ်ဝန်းကျင်ရေရှည် တည်တံ့ရေး၊ လူသားများ၏ အသက်ရှင်ရပ်တည် မှုများသည် အပြန်အလှန်အမှီသဟဲပြုနေပြီး ရေဝပ် ဒေသများ စဉ်ဆက်မပြတ် မပျက်မစီးတည်ရှိနေမှသာ ရေဝပ်ဒေသဝန်းကျင်    သဘာဝအနေအထားများ၊ ရေဝပ်ဒေသအပေါ် မှီခိုနေကြသော ဒေသခံပြည်သူ များ၏    လူမှုစီးပွားအခြေအနေများ   တိုးတက် ကောင်းမွန်မည်ဖြစ်ကြောင်း။ 


မိုးယွန်းကြီးအင်းသည် မျိုးသုဉ်းရန်အန္တရာယ် ရှိသော    မျိုးစိတ်များဖြစ်သည့်    ကြိုးကြာ(Sarus Crane)၊     လင်းယုန် (Greater Spotted Eagle)၊ ဆောက်လိပ်(Myanmar Eyed Turtle)များ ရှိခြင်း၊  ရေပျော်ငှက်ကောင်ရေ ၂၀၀၀၀ နှင့်    အထက် ကျက်စားခြင်း၊ ၂၀၂၁ ခုနှစ်အထိ ငှက်ကောင်ရေ ၂၀၀၀၀ မှ ၃၅၀၀၀ အထိ      ကျရောက်ခြင်းနှင့် ဆောင်းခိုငှက်တစ်မျိုးဖြစ်သည့် ဘဲရစ် (Northern Paintail)ကောင်ရေ တစ်ကမ္ဘာလုံး၏ (၁ ရာခိုင်နှုန်း) ကျရောက်ကျက်စားနိုင်ရန် ထောက်ပံ့ပေးနေသည့် ရေဝပ်ဒေသတစ်ခုဖြစ်ကြောင်း။


ထို့အပြင် မိုးယွန်းကြီးအင်းအနေဖြင့် အရှေ့ အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း (East-Asian Australasian Flyway Network) နှင့် ဗဟိုအာရှဒေသ      ငှက်ပျံသန်းရာလမ်းကြောင်း (Central Asia Flyway)တွင် ကျရောက်ပြီး နှစ်စဉ် အောက်တိုဘာလမှ ဧပြီလအထိ ဆောင်းခိုငှက် ကောင်ရေ ၃၂၀၀၀ ခန့် လာရောက်ကျက်စားလေ့ ရှိကြောင်း။


မျက်မှောက်ကာလတွင်     ကမ္ဘာနှင့်အဝန်း ကြုံတွေ့နေရသည့်       ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် ကပ်ဘေးကျရောက်မှုများ လျော့ပါးနိုင်စေရန်အတွက်     ရေဝပ်ဒေသများကို ထိရောက်စွာ   ထိန်းသိမ်းကာကွယ်ရမည်ဖြစ်သလို နိုင်ငံဖွံ့ဖြိုးရေး၊ ဒေသခံများလူမှုစီးပွားတိုးတက်ရေး တို့အတွက်လည်း အကျိုးရှိရှိစီမံခန့်ခွဲအသုံးချသွား ရမည်ဖြစ်ကြောင်း၊ အလွန်အရေးပါသည့် ရေဝပ်ဒေသ များကို    ထိန်းသိမ်းကာကွယ်ရာတွင်     အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် ပြောကြား သည်။


ယင်းနောက် ကမ္ဘာ့ရေဝပ်ဒေသများနေ့အထိမ်း အမှတ်    စာစီစာကုံးပြိုင်ပွဲတွင်     ဆုရရှိသော ကျောင်းသား  ကျောင်းသူများကို   ဆုများပေးအပ် ချီးမြှင့်သည်။ ထို့နောက် တက်ရောက်လာသူများက အခမ်းအနားတွင်    ပြသထားသော   ပိုစတာများ၊ ဓာတ်ပုံများနှင့် ဆုရရှိသည့် စာစီစာကုံးများ ခင်းကျင်း ပြသထားရှိမှုများကိုကြည့်ရှုကာ မိုးယွန်းကြီးအင်း အတွင်း   လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း   သိရ သည်။        

 

သတင်းစဉ်