၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲအတွက် ဖိတ်ခေါ်ခြင်းအား ရက်တိုးမြှင့်သတ်မှတ်ခြင်း

 

သယံဇာတနှင့်    သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေးဝန်ကြီး ဌာနသည် ၂၀၂၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို  “တစ်ခုတည်းသော  ကမ္ဘာမြေ (Only One Earth)” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။  ယခုနှစ် ဆောင်ပုဒ်၏ တိုက်တွန်းနှိုးဆော်ချက်များကို ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် ကြော်ငြာထားပြီးဖြစ်၍ “တစ်ခု တည်းသော ကမ္ဘာမြေ (Only One Earth)” ခေါင်းစဉ်ဖြင့် အလွတ် တန်းဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသဖြင့် ၁၂.၅.၂၀၂၂  ရက်နေ့အထိ နောက်ဆုံးထား၍  စာမူများ ပေးပို့ရန်ဖြစ်သော်လည်း ထပ်မံရက် တိုးမြှင့်သတ်မှတ်လိုပါသဖြင့် ၁၉.၅.၂၀၂၂ ရက်နေ့နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့ နိုင်ပါကြောင်း နှင့် အသေးစိတ်အချက်အလက်များကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန  Website(www.ecd.gov.mm)  နှင့်  Facebook  Page (Environmental   Conservation  Department-ECD)   တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အသိပေးအပ်ပါသည်။ ဆုရရှိသူများ  ကို ၂၀၂၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ် မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်း အနားတွင်  ဆုချီးမြှင့်သွားမည်ဖြစ်ပါသဖြင့်  စိတ်ပါဝင်စားသူများ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။


ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန