၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲအတွက် ဖိတ်ခေါ်ခြင်း

 

 

သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည်  ၂၀၂၂ ခုနှစ်  ဇွန် ၅ ရက်တွင်   ကျရောက်မည့်    ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို    “တစ်ခုတည်းသော  ကမ္ဘာမြေ   (Only One Earth)” ဆောင်ပုဒ်ဖြင့် ကျင်းပသွား မည်ဖြစ်ပြီး   ကျွန်ုပ်တို့သည်    သဘာဝ တရားနှင့်အညီ   ရေရှည်တည်တံ့ခိုင်မြဲစွာ  နေထိုင်ရန်လိုအပ်ကြောင်း၊ မူဝါဒများနှင့် တစ်ဦးချင်းစီ၏      ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ       နေထိုင်နိုင်မည့် နည်းလမ်းရွေးချယ်မှုများမှတစ်ဆင့်   ပိုမို စိမ်းလန်းသော နေထိုင်မှုပုံစံသို့  အသွင် ကူးပြောင်းနိုင်ရေးအတွက်      ဖြစ်နိုင်သမျှ ဆောင်ရွက်သွားရန်နှင့် ရေရှည်တည်တံ့စွာ နေထိုင်နိုင်စေရေးအတွက်      ရာသီဥတု ပြောင်းလဲမှု        တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊     သဘာဝနှင့် လိုက်လျောညီထွေ         နေထိုင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့်     ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက် များတွင် လူသားတိုင်း ပါဝင်ဆောင်ရွက် ကြစေလိုကြောင်း ယခုနှစ် ဆောင်ပုဒ်မှ တိုက်တွန်းထားသည်။  
ယခုနှစ်ဆောင်ပုဒ်၏ တိုက်တွန်း နှိုးဆော်ချက်များကို  ပြည်သူများ  သိရှိ လိုက်နာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ “တစ်ခုတည်းသော ကမ္ဘာမြေ (Only One Earth)” ခေါင်းစဉ်ဖြင့် မိမိတို့ရေးသား တင်ပြလိုသည့်       အချက်အလက်များ၊  သာဓကများပါဝင်သော   အလွတ်တန်း ဆောင်းပါးနှင့်            စာစီစာကုံးများကို အောက်ဖော်ပြပါ    စည်းကမ်းချက်များ နှင့်အညီ ရေးသားပေးပို့ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည် - 
အလွတ်တန်း  ဆောင်းပါး/ စာစီ စာကုံးပြိုင်ပွဲကိုမည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်ဆောင်းပါးများ ကို A4 ဆိုဒ်စာမျက်နှာ အနည်းဆုံး ၁၀ မျက်နှာမှ    အများဆုံး ၁၅ မျက်နှာအထိ၊ ပြိုင်ပွဲဝင်   စာစီစာကုံးများကို A4 ဆိုဒ် စာမျက်နှာအနည်းဆုံး   ငါးမျက်နှာမှ အများဆုံး ခုနစ်မျက်နှာအထိ   ရေးသားရန် (သတ်မှတ်စာမျက်နှာထက် မကျော်လွန် ရ)၊ သတ်မှတ်ထားသော ခေါင်းစဉ်အောက် မှ မိမိကြိုက်နှစ်သက်ရာပုံစံဖြင့် ယှဉ်ပြိုင် ရန်၊ ကွန်ပျူတာစာလုံး (Pyidaungsu)၊   စာလုံးအရွယ်အစား ၁၄ (Font Size 14)၊ စာကြောင်းအကွာအဝေး ၁ ဒသမ ၅ (Line Spacing 1.5)၊  စာရွက်ဘောင်ဆိုဒ်  တစ် လက်မပတ်လည် (Margins 1" ပတ်လည်) Microsoft Word ဖြင့် ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ရန်၊ အခြားမှ ကူးယူထား ခြင်းမဟုတ်ဘဲ   မိမိကိုယ်တိုင်  ဖန်တီး ရေးသားထားသော     စာမူရင်းဖြစ်ရန်၊ အခြားပြိုင်ပွဲများတွင်    ဆုရရှိပြီးသော၊ ပုံနှိပ်ဖော်ပြထားသော စာမူများ မဖြစ်စေ ရန်၊ ကိုယ်တိုင်ဖန်တီးရေးသားထားသော ကာယကံရှင် လက်မှတ်ရေးထိုးထားသည့် ဝန်ခံကတိပြုချက်နှင့်   ကိုယ်ရေးအချက် အလက်အကျဉ်းတို့ကို ဆောင်းပါး၊ စာစီ စာကုံးနှင့် အတူပေးပို့ရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနသို့      တရားဝင် အသုံးပြုခွင့်ပေးရန်နှင့်  ဆုရွေးချယ်ခံရ ခြင်းမရှိသော    ဆောင်းပါး/စာစီစာကုံး များအား ပြန်လည်ပေးပို့မည်မဟုတ်ဘဲ ပြိုင်ပွဲဝင် စည်းကမ်းနှင့် မညီညွတ်သော စာမူများအား         ပယ်ချသွားမည်ဖြစ် သည်။
ပြိုင်ပွဲဝင်စာမူများ  ပေးပို့ရာတွင် အလွတ်တန်း ဆောင်းပါး/ စာစီစာကုံး အတွက် စာမူ (Hard+ Soft Copy (Word+ Pdf)) တစ်စုံစီ၊     ပြိုင်ပွဲဝင် အမည်၊ မှတ်ပုံတင်/ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်၊ ကာလာဓာတ်ပုံ သုံးပုံ   (၁.၅" x ၂"ဆိုဒ်)၊ ဆက်သွယ်ရန်လိပ်စာ၊ အမှန် တကယ် အသုံးပြုသည့် ဖုန်းနံပါတ်တို့နှင့် အတူ လူကိုယ်တိုင်ဖြစ်စေ၊  စာတိုက်မှ ဖြစ်စေ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးအမှတ် ၅၈၊ နေပြည်တော် ဖုန်း- ၀၆၇-၄၃၁၃၂၉၊ ၀၆၇-၄၃၁၄၉၇၊     အီးမေးလ် hr.env.ecd@gmail.com သို့ ၂၀၂၂ ခုနှစ်  မေ ၁၂ ရက် ကြာသပတေးနေ့  နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ပြီး အသေးစိတ်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး     ဦးစီးဌာန Website (www.ecd.gov.mm)    နှင့် Facebook Page     (Environmental Conservation Department-ECD)   တို့ တွင်     ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (သတ်မှတ်ရက်ကျော်လွန်ပြီး စည်းကမ်း ချက်များနှင့် မပြည့်စုံသော ဆောင်းပါးနှင့် စာစီစာကုံးများအား  ထည့်သွင်းစဉ်းစား မည်မဟုတ်ပါ။)
ဆုရရှိသူများစာရင်းကို ၂၀၂၂ ခုနှစ် ဇွန် ၁ ရက်တွင်  ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန Website နှင့် Facebook Page များတွင်ကြေညာသွားမည်ဖြစ်ပြီး ဆုရရှိသူများကို ၂၀၂၂ ခုနှစ် ဇွန် ၅ ရက် တွင်      နေပြည်တော်၌    ကျင်းပမည့် ကမ္ဘာ့ပတ်ဝန်းကျင်   ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင်    ဆု ချီးမြှင့်သွားမည်ဖြစ်သည်။
                                                                                                                       ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန