၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးနှင့် စာစီစာကုံး ပြိုင်ပွဲအတွက် ဖိတ်ခေါ်ခြင်း

 

သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် ၂၀၂၂ ခုနှစ် ဇွန်လ ၅  ရက်နေ့တွင် ကျရောက်မည့်   ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို “တစ်ခုတည်းသော ကမ္ဘာမြေ (Only One Earth)” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကျွန်ုပ်တို့သည်  သဘာဝတရားနှင့်အညီ  ရေရှည်တည်တံ့ခိုင်မြဲစွာ နေထိုင်ရန်လိုအပ်ကြောင်း၊ မူဝါဒများနှင့် တစ်ဦးချင်းစီ၏ ပတ်ဝန်း ကျင်နှင့် လိုက်လျောညီထွေစွာနေထိုင်နိုင်မည့် နည်းလမ်းရွေးချယ်မှု များမှတစ်ဆင့် ပိုမိုစိမ်းလန်းသော နေထိုင်မှုပုံစံသို့ အသွင်ကူးပြောင်း နိုင်ရေးအတွက် ဖြစ်နိုင်သမျှ ဆောင်ရွက်သွားရန်နှင့် ရေရှည်တည်တံ့ စွာ နေထိုင်နိုင်စေရေးအတွက် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များ၊  သဘာဝနှင့်  လိုက်လျောညီထွေနေထိုင် ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာဆောင်ရွက်ချက်များတွင် လူသားတိုင်း ပါဝင်ဆောင်ရွက်ကြစေလို ကြောင်း ယခုနှစ်ဆောင်ပုဒ်မှ တိုက်တွန်းထားပါသည်။  

 


ယခုနှစ်ဆောင်ပုဒ်၏ တိုက်တွန်းနှိုးဆော်ချက်များကို ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ “တစ်ခုတည်းသော ကမ္ဘာမြေ (Only One Earth)” ခေါင်းစဉ်ဖြင့် မိမိတို့ ရေးသားတင်ပြ လိုသည့် အချက်အလက်များ၊ သာဓကများပါဝင်သော အလွတ်တန်း ဆောင်းပါးနှင့် စာစီစာကုံးများကို အောက်ဖော်ပြပါ စည်းကမ်းချက်များ နှင့်အညီ ရေးသားပေးပို့ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည် - 

 


အလွတ်တန်း   ဆောင်းပါး/ စာစီစာကုံးပြိုင်ပွဲကို   မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်ဆောင်းပါးများကို A4 ဆိုဒ်စာ မျက်နှာ အနည်းဆုံး ၁၀ မျက်နှာမှ အများဆုံး ၁၅ မျက်နှာအထိ၊ ပြိုင်ပွဲဝင် စာစီစာကုံးများကို A4 ဆိုဒ်စာမျက်နှာ အနည်းဆုံး ၅ မျက်နှာ မှ အများဆုံး ၇ မျက်နှာအထိ ရေးသားရန် (သတ်မှတ်စာမျက်နှာထက် မကျော်လွန်ရ)၊  သတ်မှတ်ထားသော  ခေါင်းစဉ်အောက်မှ   မိမိ ကြိုက်နှစ်သက်ရာပုံစံဖြင့်  ယှဉ်ပြိုင်ရန်၊  ကွန်ပျူတာစာလုံး   (Pyi-daungsu)၊ စာလုံးအရွယ်အစား ၁၄ (Font Size 14)၊ စာကြောင်း အကွာအဝေး ၁ ဒသမ ၅ (Line Spacing 1.5)၊ စာရွက်ဘောင်ဆိုဒ် ၁ လက်မပတ်လည် (Margins 1" ပတ်လည်) Microsoft Word ဖြင့် ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ရန်၊  အခြားမှ   ကူးယူထားခြင်း မဟုတ်ဘဲ မိမိကိုယ်တိုင် ဖန်တီးရေးသားထားသော စာမူရင်းဖြစ်ရန်၊ အခြားပြိုင်ပွဲများတွင် ဆုရရှိပြီးသော၊ ပုံနှိပ်ဖော်ပြထားသော စာမူများ မဖြစ်စေရန်၊ ကိုယ်တိုင်ဖန်တီးရေးသားထားသော ကာယကံရှင် လက်မှတ်ရေးထိုးထားသည့် ဝန်ခံကတိပြုချက်နှင့် ကိုယ်ရေးအချက် အလက်အကျဉ်းတို့ကို ဆောင်းပါး၊ စာစီစာကုံးနှင့် အတူပေးပို့ရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ တရားဝင်အသုံးပြုခွင့်ပေး ရန်နှင့် ဆုရွေးချယ်ခံရခြင်းမရှိသော ဆောင်းပါး/စာစီစာကုံးများအား ပြန်လည်ပေးပို့မည်မဟုတ်ဘဲ ပြိုင်ပွဲဝင်စည်းကမ်းနှင့် မညီညွတ်သော စာမူများအား ပယ်ချသွားမည်ဖြစ်ပါသည်။

 


ပြိုင်ပွဲဝင်စာမူများပေးပို့ရာတွင်    အလွတ်တန်း    ဆောင်းပါး/ စာစီစာကုံးအတွက် စာမူ (Hard+ Soft Copy (Word+Pdf)) တစ်စုံစီ၊ ပြိုင်ပွဲဝင်အမည်၊ မှတ်ပုံတင်/ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်၊ ကာလာဓာတ်ပုံ ၃ ပုံ (၁.၅" x ၂" ဆိုဒ်)၊ ဆက်သွယ်ရန်လိပ်စာ၊ အမှန်တကယ် အသုံးပြုသည့် ဖုန်းနံပါတ်တို့နှင့်အတူ လူကိုယ်တိုင် ဖြစ်စေ၊ စာတိုက်မှဖြစ်စေ သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးအမှတ် (၅၈) နေပြည်တော်  ဖုန်း- ၀၆၇-၄၃၁၃၂၉၊ ၀၆၇-၄၃၁၄၉၇၊ အီးမေးလ် hr.env.ecd@gmail.com သို့ ၂၀၂၂ ခုနှစ် မေလ   ၁၂  ရက်၊ ကြာသပတေးနေ့ နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ပြီး အသေးစိတ်ကို   ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန   Website (www.ecd.gov.mm)နှင့် Facebook Page (Environmental Conservation Department-ECD) တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။ (သတ်မှတ်ရက်ကျော်လွန်ပြီး စည်းကမ်းချက်များနှင့် မပြည့်စုံ သော ဆောင်းပါးနှင့် စာစီစာကုံးများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။)

 


ဆုရရှိသူများစာရင်းကို ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန  Website  နှင့် Facebook Page များတွင်ကြေညာသွားမည်ဖြစ်ပြီး ဆုရရှိသူများကို ၂၀၂၂ ခုနှစ် ဇွန်လ  ၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုချီးမြှင့်သွား မည်ဖြစ်ပါသည်။                  

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန