၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

 

မသန်စွမ်းသူများအတွက် ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းနှင့် အခြားလုပ်ငန်းစဉ်များမှတစ်ဆင့် လေ့ကျင့်ပျိုးထောင်ပေးမှုများနှင့် စွမ်းဆောင်ရည်ပြည့်ဝစေပြီး  မသန်စွမ်းသူများကို  ပတ်ဝန်းကျင်နှင့်
လူ့အဖွဲ့အစည်းတွင် ပါဝင်ခွင့်ရရှိရေး အလေးထားဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် ဒီဇင်ဘာ ၃


၂၀၂၂  ခုနှစ်     အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့    အထိမ်းအမှတ် အခမ်းအနားကို  ယနေ့နံနက်  ၁၀ နာရီ တွင်  နေပြည်တော်ရှိ   မြန်မာအပြည်ပြည် ဆိုင်ရာ   ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌  ကျင်းပရာ မသန်စွမ်းသူများ၏    အခွင့် အရေးများဆိုင်ရာ    အမျိုးသားကော်မတီ ဥက္ကဋ္ဌ      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ   ဗိုလ်ချုပ်မှူးကြီး     စိုးဝင်း  တက်ရောက်အမှာစကား   ပြောကြား သည်။ 

 


အခမ်းအနားသို့       နိုင်ငံတော်စီမံ အုပ်ချုပ်ရေး           ကောင်စီဝင်များ၊        ပြည်ထောင်စုဝန်ကြီးများ၊      နေပြည် တော်တိုင်းစစ်ဌာနချုပ်            တိုင်းမှူး၊ဒုတိယဝန်ကြီးများ၊     အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊  NGO ၊ INGO   များ၊    မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ  တာဝန်ရှိ သူများ၊    မသန် စွမ်းသူများ၊    ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင်   မသန်စွမ်းသူများ၏   အခွင့် အရေးများဆိုင်ရာ       အမျိုးသားကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယ  ဗိုလ်ချုပ်မှူးကြီး  စိုးဝင်း က အမှာစကားပြောကြားရာတွင် မသန်စွမ်းမှုဆိုင်ရာ အရေးကိစ္စများကို သိရှိနားလည်နိုင်စွမ်း မြှင့်တင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးများ နှင့်    ကောင်းကျိုးစီးပွားတို့အတွက်   ပံ့ပိုးကူညီ ဆောင်ရွက်နိုင်ရေး   စည်းရုံးလှုံ့ဆော်ရန်အတွက် နှစ်စဉ်   ဒီဇင်ဘာ  ၃ ရက်ကို  အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် သတ်မှတ်ပြီး ကုလသမဂ္ဂ ၏ ဦးဆောင်မှုဖြင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် ကျင်းပ လျက်ရှိကြောင်း၊        မြန်မာနိုင်ငံအနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာ  မသန်စွမ်းသူများနေ့  အထိမ်း အမှတ်အခမ်းအနားကို ၁၉၉၄ ခုနှစ်က စတင်ပြီး အစဉ်အလာမပျက် ကျင်းပခဲ့ရာ ယခုနှစ်တွင် (၂၉)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း။

 


၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ နေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ပေး သည့်   ဦးတည်ဆောင်ပုဒ်မှာ  “Transformative solutions for inclusive development: the role of innovation in fuelling an accessible and equitable  world”  “အားလုံးပါဝင်   ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင်အဖြေရှာစို့၊၊ အားလုံး လက်လှမ်းမီ ညီမျှရေး၊ တီထွင်ဖန်တီးမှု စွမ်းအားဖြင့် ဆောင်ရွက် ပေး”  ပင် ဖြစ်ကြောင်း။

 


နည်းပညာ အကူအညီများရယူ


အခြား‌သော   အခက်အခဲနှင့်   စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက်  တီထွင်ဖန်တီးမှုနှင့် နည်းပညာအကူအညီများကို  ရယူသွားရမည်ဖြစ် ကြောင်း၊ နည်းပညာနှင့် တီထွင်ဖန်တီးမှုသည် မသန် စွမ်းသူများအတွက် အလွယ်တကူ လက်လှမ်းမီရယူ နိုင်မှု (accessibility)နှင့် အသုံးချနိုင်မှု (usability)များကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ၂၀၀၆ ခုနှစ် တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ကုလသမဂ္ဂ မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ  ကွန်ဗင်းရှင်းတွင် လည်း  အထောက်အကူပြု  နည်းပညာများ  ရယူ အသုံးပြုနိုင်မှုကို မသန်စွမ်းသူများအတွက် လူ့အခွင့် အရေးတစ်ရပ်အနေဖြင့်           အသိအမှတ်ပြုထားရှိ ကြောင်း။

 


မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ  ၇ ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြု   လက်မှတ်ရေးထိုးခဲ့ပြီး  ဖြစ်ကြောင်း၊ ထို့ပြင်  မြန်မာနိုင်ငံသည်  အာရှပစိဖိတ်ဒေသတွင်း နိုင်ငံဖြစ်သည့်အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည့်အတွက် အာရှနှင့် ပစိဖိတ်ဒေသ မသန်စွမ်း သူများ၏  အခွင့်အရေးများဆိုင်ရာ   အင်ချွန်းမဟာ ဗျူဟာ (၂၀၁၃-၂၀၃၃) နှင့် ASEAN Enabling Master Plan (2025) တို့ကို လိုက်နာအကောင်အထည်ဖော် လျက်ရှိကြောင်း။

 


အင်ချွန်းမဟာဗျူဟာအရ    မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်း နှင့်   မသန်စွမ်းသူများ  မှတ်ပုံတင်ခြင်းလုပ်ငန်းကို ကနဦးစီမံကိန်းနယ်မြေ (၄) ခုဖြစ်သည့် နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊  ရန်ကုန်တိုင်းဒေသ ကြီး လှိုင်သာယာမြို့နယ်၊  ကရင်ပြည်နယ်  ဘားအံ မြို့နယ်နှင့်   ရှမ်းပြည်နယ်(တောင်ပိုင်း)   ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဟိုပုံးမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိပြီး  တစ်နိုင်ငံလုံးရှိ   မြို့နယ် အားလုံးကို လွှမ်းခြုံနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။ 

 


ASEAN Enabling Master Plan (2025) အရ မသန်စွမ်းသူများ၏  အခွင့်အရေးများဆိုင်ရာ  မဟာ ဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၂ - ၂၀၂၇)ကို အတည်ပြု ပြဋ္ဌာန်းထားရှိပြီးဖြစ်ကြောင်း၊ မဟာဗျူဟာ (၅)နှစ် စီမံကိန်း     ထိရောက်အောင်မြင်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက        ဦးဆောင်ပြီး လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊   လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း မသန် စွမ်းသူများ လူမှုအဖွဲ့အစည်းအတွင်း ပါဝင်နိုင်စေရေး အတွက်  အတားအဆီးကင်းသည့်ပတ်ဝန်းကျင် (Barrier Free Environment)၊ အလွယ်တကူ လက် လှမ်းမီ ရယူအသုံးပြုနိုင်မှု (Accessibility) တို့ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သကဲ့သို့  သုတေသန လုပ်ငန်းများကိုလည်း   ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း။ 

 


နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခင်ဖွဲ့စည်းထားသည့် မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် ပြန်လည်ပြင်ဆင် ဖွဲ့စည်းပြီး    မသန်စွမ်းသူများအတွက်   ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းနှင့်  အခြား လုပ်ငန်းစဉ်များမှတစ်ဆင့် လေ့ကျင့်ပျိုးထောင်ပေးမှု များနှင့် စွမ်းဆောင်ရည်ပြည့်ဝစေပြီး မသန်စွမ်းသူ များကို ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းတွင်  ပါဝင်ခွင့် ရရှိရေး အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း။ 

 


မတည်ရန်ပုံငွေထုတ်ပေး


နိုင်ငံတော်က မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ   အရင်းမပျောက်   မတည်ရန်ပုံငွေကျပ် ၃ ဘီလီယံကို   ထုတ်ပေးထားကြောင်း၊   အဆိုပါ မတည်ငွေကို  မသန်စွမ်းသူများ၊   မသန်စွမ်းအဖွဲ့ အစည်းများကို ထိထိရောက်ရောက်ပံ့ပိုးပြီး တိုးပွား လာသည့် ရန်ပုံငွေကို မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့်  မသန်စွမ်းသူများအတွက် အကျိုးပြုလုပ်ငန်းများတွင် အကျိုးရှိအောင် အသုံးပြု သွားကြရန် မှာကြားလိုကြောင်း။

 


ယခုနှစ်တွင် ကျရောက်သည့်  အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၏  ဦးတည်ဆောင်ပုဒ်ဖြစ်သည့် “အားလုံးပါဝင်ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင် အဖြေရှာစို့၊၊ အားလုံးလက်လှမ်းမီ   ညီမျှရေး၊   တီထွင်ဖန်တီးမှု စွမ်းအားဖြင့် ဆောင်ရွက်ပေး”နှင့်အညီ  မသန်စွမ်းသူ များ၏   ဘဝအခြေအနေ  မြင့်မားတိုးတက်စေရေး၊ နောက်ကျမကျန်ရစ်စေရေးအတွက်          တီထွင် ဆန်းသစ်မှု၊ နည်းပညာနှင့် ပြုပြင်ပြောင်းလဲနိုင်သည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ပြီး လက်လှမ်းမီ ရယူအသုံးပြုနိုင်မည့်    ညီမျှသည့်   လူ့အသိုင်းအဝိုင်း ဖြစ်ပေါ်လာစေရေး     ဆောင်ရွက်ပေးကြစေလို ကြောင်း။  

 


မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့်အညီ မသန်စွမ်းသူများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ပြည်သူ့ရေးရာ နှင့် အခြားနယ်ပယ်အသီးသီးမှ  လူမှုအဖွဲ့အစည်းများ တွင်   ဘေးဖယ်ချန်လှပ်ထားခြင်းမျိုး  မဖြစ်စေဘဲ ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်ရေး  ကြိုးစားပေးကြစေ လိုကြောင်း၊     မသန်စွမ်းသူများအနေဖြင့်လည်း စိတ်ဆင်းရဲအားငယ်မှုများ   မဖြစ်ကြဘဲ   ဘဝကို ကြံ့ကြံ့ခံ ရင်ဆိုင်၍ စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်း အောင်   လေ့ကျင့်နေထိုင်နိုင်ကြပြီး  နိုင်ငံတော် တည်ဆောက်ရေးတွင်    အုတ်တစ်ချပ်    သဲတစ်ပွင့် အဖြစ် ကျရာတာဝန်ကို  ကျေပွန်စွာထမ်းဆောင်နိုင် ရေး  ကြိုးစားလုပ်ဆောင်ပေးကြရန်  တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။

 


ရှင်းလင်းတင်ပြ


ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ   အမျိုးသားကော်မတီဒုတိယ    ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ  သက်သက်ခိုင်က မသန်စွမ်းသူများ၏       အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြသည်။ 


ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သည့်သဝဏ်လွှာ ဗီဒီယိုမက်ဆေ့နှင့် အပြည်ပြည်ဆိုင်ရာ   မသန်စွမ်းသူများနေ့   အထိမ်း အမှတ် ဗီဒီယိုမှတ်တမ်းတို့ကို ပြသသည်။ 

 


ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ   ဒုတိယ ဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ နေ့အထိမ်းအမှတ်  အလွတ်တန်းဆောင်းပါးပြိုင်ပွဲ တွင်     ဂုဏ်ပြုဆုရရှိကြသူများကို   ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သည်။

 


ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ   ဖြစ်ကြသည့်  ဗိုလ်ချုပ်ကြီး  မြထွန်းဦးနှင့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့က မသန်စွမ်းသူများ အတွက် အတားအဆီးမဲ့ ခရီးသွားလာရေးဂုဏ်ပြုဆု ရရှိကြသူများနှင့်    ၂၀၂၂  ခုနှစ်၊ (၁၁)   ကြိမ်မြောက်  အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ဆုတံဆိပ် များရရှိခဲ့ပြီး   အဆင့် ၆ တွင်   ရပ်တည်နိုင်ခဲ့သည့် မြန်မာနိုင်ငံမသန်စွမ်း     အားကစားအဖွဲ့ချုပ်ကို လည်းကောင်း၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က  မသန်စွမ်းသူများအတွက် အလုပ် အကိုင် အခွင့်အလမ်း ဖန်တီးပေးရေး ဂုဏ်ပြုဆုရရှိသူ ကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြ သည်။

 


ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ   ဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အခမ်းအနားသို့  တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ခင်းကျင်းပြသထားသည့်    မသန်စွမ်းသူများနှင့်   သက်ဆိုင်သော စာအုပ်များနှင့် လုပ်ငန်းဆောင်ရွက် ချက်  မှတ်တမ်းဓာတ်ပုံများကို  ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။    

                           

သတင်းစဉ်