
ပဲခူး ဒီဇင်ဘာ ၂၅
၂၀၂၂ ခုနှစ် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှစ်ဆုရရှိခဲ့ သည့် စာရေးဆရာမကြီး ဒေါ်ခင် ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး) အား ပဲခူးတိုင်းဒေသကြီး (အရှေ့)မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း၊ ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်း၊ ပဲခူးတိုင်းဒေသကြီး မြန်မာအမျိုး သမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းနှင့် ပဲခူး မြို့နယ် စာရေးဆရာအသင်းတို့မှ ထပ်ဆင့်ဂုဏ်ပြုခြင်း အခမ်းအနား ကို ဒီဇင်ဘာ ၂၃ ရက်က ပဲခူးမြို့ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ်၌ ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး (အရှေ့) မူးယစ်ဆေးဝါး ဆန့်ကျင် ရေးအသင်း ဒုတိယဥက္ကဋ္ဌ၊ ပဲခူး မြို့နယ်စာရေးဆရာအသင်း ဘဏ္ဍာ ရေးမှူး စာရေးဆရာမ ဒေါ်နွယ်နီ ဝင်း (မေတ္တာမိုးနှင်း-ပဲခူး) က ဂုဏ်ပြုအမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောလင်းအောင် က ဂုဏ်ပြုပန်းခြင်း ပေးအပ် ချီးမြှင့်သည်။
ထို့နောက် ၂၀၂၂ ခုနှစ် အမျိုး သားစာပေဆုနှင့် စာပေဗိမာန် စာမူဆု ဆုနှစ်ဆုရရှိခဲ့သည့် စာရေး ဆရာမကြီး ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး)အား ပဲခူးတိုင်း ဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကျော်မင်းနိုင်၊ ပဲခူးတိုင်းဒေသ ကြီး မြန်မာအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင် ရေးအသင်းဒုက္ကဋ္ဌ ဒေါ်စိန်စိန်လှိုင် နှင့် အတွင်းရေးမှူး ဒေါ်ဝါဝါမြင့်၊ ပဲခူးမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး ဦးထိန်လင်း (လင်းအရုဏ်ဦး-ပဲခူး)၊ ပဲခူးတိုင်း ဒေသကြီး (အရှေ့) မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဒုတိယ ဥက္ကဋ္ဌ ဒေါ်နွယ်နီဝင်းတို့က ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြပြီး စာရေး ဆရာမကြီး ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး) က ကျေးဇူး တင်စကား ပြန်လည်ပြော ကြားသည်။
စာရေးဆရာမ ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး) သည် ၂၀၂၂ ခုနှစ်အတွက် ‘‘မြန်မာ့မေတ္တာ စွမ်းကမ္ဘာသို့ လွှမ်းစေရမည်နှင့် ကလေးဝတ္ထုတိုများ’’ စာအုပ်ဖြင့် အမျိုးသားစာပေဆု၊ ‘‘ဝတ်မှုန် ကူးချိန်’’ ဝတ္ထုရှည်ဖြင့် စာပေ ဗိမာန်စာမူဆု ဆုနှစ်ဆုတို့ကိုရရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်ထက်