၂၀၂၂ ခုနှစ် အောက်တိုဘာလ (ဒုတိယ) ၁၀ ရက်အတွက် စိုက်ပျိုးရေးမိုးလေဝသခန့်မှန်းချက်

 

 

နေပြည်တော်  အောက်တိုဘာ  ၁၁


ဘင်္ဂလားပင်လယ်အော်အခြေအနေ။     ။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊   ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။  အနောက်တောင် မုတ်သုံလေသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၁၁-၁၃) ရက်နေ့ အတွင်း  မြန်မာနိုင်ငံတစ်ဝန်းလုံးမှ   ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်  ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်   တိမ် အသင့် အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။

 


မိုးရွာသွန်းနိုင်မှုအခြေအနေ။        ။ စစ်ကိုင်းတိုင်းဒေသကြီး အထက် ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊  တနင်္သာရီတိုင်းဒေသကြီး၊    ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊  ရခိုင်ပြည်နယ်၊  ကရင်ပြည်နယ်နှင့်   မွန် ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊    နေပြည်တော်၊   စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊   မန္တလေးတိုင်းဒေသကြီး၊    မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်တို့တွင်    ရွာသွန်းမြဲခန့်    မိုးထစ်ချုန်း ရွာနိုင်ပါ သည်။ 
အမြင့်ဆုံးအပူချိန်အခြေအနေ။         ။ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင် ၇၁ ဒီဂရီဖာရင်ဟိုက်မှ  ၈၀ ဒီဂရီဖာရင်ဟိုက်အတွင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် ၈၁ ဒီဂရီဖာရင်ဟိုက်မှ ၉၀ ဒီဂရီဖာရင်ဟိုက် အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၉၁ ဒီဂရီဖာရင်ဟိုက်မှ  ၁၀၀   ဒီဂရီဖာရင်ဟိုက် အတွင်း ရှိနိုင်ပါသည်။ 

 


အနိမ့်ဆုံးအပူချိန်အခြေအနေ။       ။ ချင်းပြည်နယ်တွင် ၅၃ ဒီဂရီ ဖာရင်ဟိုက်ခန့်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် ၆၁ ဒီဂရီဖာရင်ဟိုက်မှ ၇၀ ဒီဂရီဖာရင်ဟိုက်အတွင်းနှင့်  စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် ၇၁ ဒီဂရီဖာရင်ဟိုက်မှ ၈၀ ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။
လေထုစိုထိုင်းဆအခြေအနေ။     ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက် ပိုင်းနှင့်တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊  ကရင်ပြည်နယ်နှင့်   မွန်ပြည်နယ် တို့တွင် ၇၅ ရာခိုင်နှုန်းမှ ၈၆ ရာခိုင်နှုန်းအတွင်းနှင့် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၈၇  ရာခိုင်နှုန်းမှ   ၉၆  ရာခိုင်နှုန်းအတွင်း အသီးသီး ရှိခဲ့ပါသည်။ 

 


ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ။     ။ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် ၁၇ မီလီမီတာမှ ၂၇ မီလီမီတာအတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊    ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊   ရခိုင်ပြည်နယ်၊  ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၈ မီလီမီတာ မှ  ၃၈ မီလီမီတာ  အတွင်း အသီးသီးရှိခဲ့ပါသည်။ 


မြေဆီလွှာအောင်းရေအခြေအနေ။       ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်  မကွေးတိုင်းဒေသကြီးတို့တွင်  (စိုစွတ်)အခြေအနေနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊   ကချင်ပြည်နယ်၊   ချင်း ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (ပြည့်ဝ)အခြေအနေ အသီးသီး ရှိခဲ့ ပါသည်။    


မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန