၂၀၂၂ ခုနှစ်၊ အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပမည်

 

နေပြည်တော်   နိုဝင်ဘာ  ၂၄


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲ ဖြစ်သော  အဘိဓမ္မာ၊  ဂုဏ်ထူးဆောင်နှင့်   ဝိသုဒ္ဓိမဂ်စာမေးပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်(သောကြာနေ့)မှ ဒီဇင်ဘာ ၁၁ ရက် (တနင်္ဂနွေနေ့)အထိ ခွင့်ပြုထားသော စာဖြေဌာနတို့၌ တစ်ပြိုင်နက် တည်း ကျင်းပမည်ဖြစ်သည်။

 


အဘိဓမ္မာ(ရိုးရိုး)၊  အဘိဓမ္မာ(ဂုဏ်ထူးဆောင်) စာမေးပွဲများကို အစိုးရပထမငယ်တန်း   (သို့မဟုတ်)  ၎င်းနှင့် အလားတူ စာမေးပွဲ အောင်မြင်ခြင်းမရှိသေးသော   သီလရှင်များနှင့်  လူပုဂ္ဂိုလ်များသာ ဖြေဆိုခွင့်ရှိသည်။ အဘိဓမ္မာ(ရိုးရိုး)  အောင်မြင်ပြီးသူများသည် အဘိဓမ္မာ(ဂုဏ်ထူးဆောင်)စာမေးပွဲကိုဖြစ်စေ၊ ဝိသုဒ္ဓိမဂ် စာမေးပွဲကို ဖြစ်စေ ဖြေဆိုနိုင်သည်။ 

 


ဝိသုဒ္ဓိမဂ်စာမေးပွဲကို အစိုးရပထမကြီးတန်း၊ ဓမ္မာစရိယတန်း (သို့မဟုတ်) ၎င်းနှင့် အလားတူစာမေးပွဲများ အောင်မြင်ခြင်းမရှိသေး သော သီလရှင်များနှင့် လူပုဂ္ဂိုလ်များသာ ဖြေဆိုခွင့်ရှိသည်။ 

 


အဘိဓမ္မာ၊  ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲတွင် တစ်ဆင့် ဖြစ်စေ၊ နှစ်ဆင့်ဖြစ်စေ၊ သုံးဆင့်ဖြစ်စေ နှစ်ချင်းပေါက်ဖြေဆိုခွင့်ရှိပါ သည်။ ယခင်က သုံးဆင့်လုံး အပြည့်အစုံ မအောင်မြင်သေးသူများ အနေဖြင့် သုံးဆင့်လုံးကို နှစ်ချင်းပေါက် ထပ်မံဖြေဆိုခွင့်ရှိသည်။

 


စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာ စာဖြေဌာန တည်ရှိရာ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ရှိ မြို့နယ်သံဃနာယကအဖွဲ့ရုံးများသို့ အချိန်မီပေးပို့ထားမည်ဖြစ်၍ အဆိုပါရုံးများ တွင် စာမေးပွဲဖြေဆိုရက်မတိုင်မီ ထုတ်ယူနိုင်ပါကြောင်း သာသနာရေး ဦးစီးဌာနမှ သိရသည်။            

  
  သတင်းစဉ်