၂၀၂၂ ခုနှစ်၊ အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁ဝ 
သာသနာရေးနှင့်    ယဉ်ကျေးမှု ဝန်ကြီးဌာန   သာသနာရေးဦးစီး ဌာနက ၂၀၂၂ ခုနှစ်  ဒီဇင်ဘာလ တွင်    ကျင်းပခဲ့သည့်   အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့်    ဝိသုဒ္ဓိမဂ် စာမေးပွဲ      အောင်စာရင်းကို ထုတ်ပြန်ကြေညာသည်။
အဘိဓမ္မာ      စာမေးပွဲတွင် စာဖြေဌာနပေါင်း ၁၁၄ ဌာနတို့၌  ဖြေဆိုသူ ၁၂၃၅၂ ဦး၊  အောင်မြင် သူ ၁၀၁၄၉ ဦး၊    နှစ်ချင်းပေါက် သုံးဆင့်လုံးအောင်မြင်သူ ၁၂၄၉  ဦးရှိ၍ ပြည်တွင်း/ပြည်ပ စာဖြေ ဌာနများအနက်   အမှတ်အများ ဆုံး ပထမ၊   ဒုတိယ၊   တတိယ (ထူးချွန်ဆု) ရရှိသူများမှာ-
    (၁)    ပထမ
            ခုံအမှတ်- ပူရ - ၉၊ 
        ဒေါ်သဉ္ဇာထွန်း၊ 
        အမရပူရစာဖြေဌာန၊
        မန္တလေးတိုင်းဒေသကြီး၊
    (၂)    ဒုတိယ
        ခုံအမှတ်- ဒဂဆ - ၁၀၅၊ မအိချိုဇင်၊ 
        ဒဂုံဆိပ်ကမ်းစာဖြေဌာန၊
        ရန်ကုန်တိုင်းဒေသကြီး၊
    (၃)    တတိယ
        ခုံအမှတ်- ထီလာ- ၅၉၊ ဒေါက်တာ ဝါဝါဖူး၊
        မိတ္ထီလာစာဖြေဌာန၊ 
        မန္တလေးတိုင်းဒေသကြီး။
အဘိဓမ္မာ    ဂုဏ်ထူးဆောင် စာမေးပွဲတွင်   စာဖြေဌာနပေါင်း  ၉၀   တို့၌ ဖြေဆိုသူ ၁၅၃၈ ဦး၊  အောင်မြင်သူ  ၁၁၉၁  ဦး၊ နှစ်ချင်း ပေါက် သုံးဆင့်လုံးအောင်မြင်သူ   ၂၂၄   ဦးရှိ၍   ပြည်တွင်း/ပြည်ပ  စာဖြေဌာနများအနက်    အမှတ် အများဆုံးပထမ၊ ဒုတိယ၊ တတိယ  (ထူးချွန်ဆု) ရရှိသူများမှာ-
    (၁)    ပထမ
        ခုံအမှတ်- ကျောက်- ၅၊ နန်းဖြူဖြူအောင်၊ 
        ကျောက်မဲစာဖြေဌာန၊
        ရှမ်းပြည်နယ်၊
    (၂)    ဒုတိယ
        ခုံအမှတ်- ကခ- ၁၊
        ဒေါ်စန်းစန်းဌေး၊ 
        ကြံခင်းစာဖြေဌာန၊ 
        ဧရာဝတီတိုင်းဒေသကြီး၊
    (၃)    တတိယ
        ခုံအမှတ်- ကျောက်- ၄၊ 
        ဒေါ်ဖြူဖြူစိုး၊ 
        ကျောက်မဲစာဖြေဌာန၊ 
        ရှမ်းပြည်နယ်။
ဝိသုဒ္ဓိမဂ်    စာမေးပွဲတွင် စာဖြေဌာနပေါင်း ၇၉ ဌာနတို့၌ ဖြေဆိုသူ ၁၆၁၉  ဦး၊ အောင်မြင် သူ ၁၃၁၄  ဦး၊    နှစ်ချင်းပေါက်      သုံးဆင့်လုံး အောင်မြင်သူ  ၂၀၃    ဦးရှိ၍ ပြည်တွင်း/ ပြည်ပ  စာဖြေ ဌာနများအနက်    အမှတ်အများ ဆုံး ပထမ၊   ဒုတိယ၊  တတိယ (ထူးချွန်ဆု) ရရှိသူများမှာ-
    (၁)    ပထမ
            ခုံအမှတ်- ပဇ- ၂၄၊ 
        ဒေါ်ခင်မေချို၊ 
        ပုဇွန်တောင်စာဖြေဌာန၊ 
        ရန်ကုန်တိုင်းဒေသကြီး၊
    (၂)    ဒုတိယ
        ခုံအမှတ်- ပဇ- ၃၈၊ 
        ဒေါ်အေးအေးဝင်း၊ 
        ပုဇွန်တောင်စာဖြေဌာန၊ 
        ရန်ကုန်တိုင်းဒေသကြီး၊
    (၃)    တတိယ
        ခုံအမှတ်- ခသ - ၂၇၊ 
        ဒေါ်အေးသီတာ၊ 
        ချမ်းမြသာစည် စာဖြေဌာန၊
        မန္တလေးတိုင်းဒေသကြီး။ 
အောင်စာရင်းအပြည့်အစုံကို နိုင်ငံတော်    သံဃမဟာနာယက အဖွဲ့  Website www.mahana. org.mm ၊      သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန Website www.mora.gov.mm     နှင့် သာသနာရေးဦးစီးဌာန    Web-site www.dra.gov.mm တို့မှ ထုတ်ပြန်ကြေညာသွားမည်   ဖြစ် ကြောင်း သာသနာရေးဦးစီးဌာန မှ သတင်းရရှိသည်။  

သတင်းစဉ်