၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး (ဒုတိယအကြိမ်) အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 

လားရှိုး  နိုဝင်ဘာ ၁၉


ရှမ်းပြည်နယ်    (မြောက်ပိုင်း) ၂၀၂၂-၂၀၂၃       ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း   အောင်ချက် မြင့်မားရေး    (ဒုတိယအကြိမ်)အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၉ ရက် ညနေ ၃ နာရီက လားရှိုး မြို့  အမှတ်(၁)  အခြေခံပညာ အထက်တန်းကျောင်း မောချယ်ရီ ခန်းမ၌ ကျင်းပသည်။

 


အလုပ်ရုံ ဆွေးနွေးပွဲတွင် ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက         အမှာစကား ပြောကြားပြီး တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး (ဒုတိယ အကြိမ်)   အလုပ်ရုံဆွေးနွေးပွဲ အတွက်     ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ထောက်ပံ့ငွေကျပ်သိန်း ၈၀ ကို   ပေးအပ်ရာ  ရှမ်းပြည်နယ်  (မြောက်ပိုင်း)  ပညာရေးမှူး(ရုံးခွဲ) ပြည်နယ်ပညာရေးမှူး ဆရာကြီး ဦးမောင်ဌေးက  လက်ခံရယူပြီး ပြည်နယ်အစိုးရ    အုပ်ချုပ်ရေး  အဖွဲ့ခွဲ ရှမ်းပြည်နယ်(မြောက်ပိုင်း)   ဥက္ကဋ္ဌ    ဦးမျိုးကျော်က နည်းပြများ အတွက်   ထောက်ပံ့ငွေကျပ်သိန်း  ၂၀  ပေးအပ်ရာ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ်           ဒေါက်တာ ဌေးအောင်က လက်ခံ ရယူသည်။

 


ထို့နောက်  ပြည်နယ်ဝန်ကြီး ချုပ်၊   ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က      သင်တန်း တက်ရောက်မည့် ဆရာ ဆရာမ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ကြကြောင်း သိရသည်။

 


အဆိုပါ  တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး (ဒုတိယ အကြိမ်) အလုပ်ရုံ  ဆွေးနွေးပွဲသို့ ဆရာ ဆရာမ ၈၂၈ ဦး တက်ရောက် ကာ ကျောင်း ရှစ်ကျောင်း၊ ခန်းမ ကိုးခု၌    ဘာသာရပ်   ကိုးခုကို   နှစ်ရက်    ဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။  


 သတင်းစဉ်