၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်    မေ   ၁၉


၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက် ပိုစတာစိုက်ထူခြင်း   အခမ်းအနားကို   ယနေ့နံနက်   ၉  နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်  ပျဉ်းမနား-တောင်ညိုလမ်း မြို့မဈေးအနီး၌ ကျင်းပသည်။

 


အခမ်းအနားသို့    ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ      ဒေါက်တာ မောင်မောင်နိုင်၊    ပညာရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီးများ၊ နေပြည်တော်    ကောင်စီဝင်များ၊ ဌာနဆိုင်ရာ       တာဝန်ရှိသူများ၊ နေပြည်တော်   ကောင်စီနယ်မြေ ပညာရေးမှူးနှင့် ခရိုင်/မြို့နယ် ပညာရေးမှူးများ၊   ကျောင်းအုပ် ကြီးများ၊  ဆရာ ဆရာမများနှင့် ကျောင်းသား  ကျောင်းသူများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ    ပြည်ထောင်စု ဝန်ကြီး၊   နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်   ဒုတိယဝန်ကြီးများက ကျောင်းအပ်နှံရေး   သီတင်းပတ် မြေစိုက်ပိုစတာ     စိုက်ထူခြင်း အခမ်းအနားကို    ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စု ဝန်ကြီး    ဒေါက်တာညွန့်ဖေက  “ကျောင်းနေအရွယ်     ကလေး အားလုံး    ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော မြေစိုက်ပိုစတာကို  စက်ခလုတ် နှိပ် ဖွင့်လှစ်ပေးသည်။

 


အလားတူ    ပြည်ထောင်စု ဝန်ကြီး၊   နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်    တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ    နေပြည် တော် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်း၊   ရေပန်းဥယျာဉ် မုခ်ဦးအနီး၌      ကျင်းပသည့် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ    စိုက်ထူခြင်း အခမ်းအနားသို့လည်း    တက် ရောက်   ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။          
     

သတင်းစဉ်