၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ရန်ကုန်   မေ    ၁၈


၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရန်ကုန် တိုင်းဒေသကြီး ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်ရာ      လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို    ယနေ့ နံနက်ပိုင်းက    တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး    အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

 


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသ ကြီး  ဝန်ကြီးချုပ်    ဦးစိုးသိန်းက အမှာစကားပြောကြားရာ   နိုင်ငံ တစ်နိုင်ငံ၏    အောင်မြင်မှုသည် နိုင်ငံသားများ၏    ပညာတတ် မြောက်မှု၊ အသိပညာ၊ ဗဟုသုတ၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင် မှုများအပေါ်တွင်      မူတည်ပြီး ထိုနိုင်ငံများ၏ လူမှုရေး၊ စီးပွားရေး ကြွယ်ဝဖွံ့ဖြိုးတိုးတက်ခြင်းသည် ပညာရေးမြှင့်တင်မှုနှင့် သက်ဆိုင် ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူ များက ခေတ်အဆက်ဆက် ပညာ ရေး     ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့ပြီး     ကျောင်းသားများ နှင့်    နိုင်ငံသားအားလုံးအတွက် အရည်အသွေးရှိသော      ပညာ ရေးကို       သင်ယူခွင့်ရရှိစေရန်      ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 


ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီး    ပညာရေးမှူး   ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုး ထွန်းက      ကျောင်းအပ်နှံရေး သီတင်းပတ်အတွက် စီစဉ်ဆောင် ရွက်ထားရှိမှုများကို    ရှင်းလင်း တင်ပြသည်။

 


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများဖြစ်သည့် လူမှုရေးရာ ဝန်ကြီး       ဦးအောင်ဝင်းသိန်း၊ စည်ပင်သာယာရေး     ဝန်ကြီး (မြို့တော်ဝန်)      ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေး အောင်၊ ခရိုင်ပညာရေးမှူးများက ကျောင်းအပ်နှံရေး  သီတင်းပတ် ဆိုင်ရာကိစ္စရပ်များ၊ ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူသယ်ယူ ပို့ဆောင်ရေးမှ တာဝန်ရှိသူများက ကျောင်းကား      စီစဉ်ဆောင်ရွက် ပေးမည့်       အစီအစဉ်များ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးချုပ် မျိုးမင်းထိုက်က ကျောင်းများတွင် လုံခြုံရေးတာဝန် ဆောင်ရွက်ပေး မည့် အခြေအနေများ၊ တိုင်းဒေသ ကြီး     ကျန်းမာရေးဦးစီးဌာနမှ ကျောင်းများတွင်      ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးမည့် အစီအမံများ နှင့်  တက်ရောက်လာကြသူများက လိုအပ်သည်များ ဆွေးနွေးတင်ပြ သည်။

 


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က   ဆွေးနွေးတင်ပြ ချက်များနှင့် စပ်လျဉ်း၍      ဌာန ဆိုင်ရာများနှင့်  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး   ၂၀၂၂-၂၀၂၃  ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်ရာ လုပ်ငန်းများ ကို    ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရန်    ပြောကြားသည်။ 


ဆန်းကျော်ဦး(ပြန်/ဆက်)