
ဇေယျာသီရိ မေ ၁၉
ဇေယျာသီရိမြို့နယ် ပညာရေးမှူး ရုံးမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူပွဲကို ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ပညာရေးမှူးရုံးရှေ့ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေး၌ ယနေ့နံနက်ပိုင်းက စိုက်ထူခဲ့ ကြောင်းသိရသည်။
အဆိုပါ မြေစိုက်ပိုစတာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်း အပ်နှံရေး သီတင်းပတ်ကို မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားကြောင်း ပါရှိပြီး အခမ်းအနားတွင် ဇေယျာသီရိ မြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးမင်းသူနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြေစိုက်ပိုစတာအား စိုက်ထူခဲ့ပြီး ပိုစတာအား အမွှေးနံသာများဖြင့် ပက်ဖျန်းပေးခဲ့သည်။(ယာပုံ)
ကျောင်းအပ်နှံရေး ကာလ အတွင်း အတန်းအားလုံးကျောင်း အပ်နှံကြရန်နှင့် ကျောင်းအပ်နှံ ရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိကြောင်း၊ ကျောင်း အပ်နှံသည့် ကျောင်းသားအားလုံး ကို ပြဋ္ဌာန်းစာအုပ်များ၊ ဗလာ စာအုပ်များနှင့် စာရေးကိရိယာ များကို အခမဲ့ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း ဇေယျာသီရိ မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)