
နေပြည်တော် ဇန်နဝါရီ ၁၈
၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော်အား ဇန်နဝါရီ ၁၈ ရက်မှ ဇန်နဝါရီ ၂၇ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများတွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ပြီး အားကစားနည်း များအလိုက် ယှဉ်ပြိုင်ကစားကြသည်။
ယနေ့ နံနက် ၇ နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ပြေးခုန်ပစ်ပြိုင်ပွဲ၏ ပထမနေ့ပွဲစဉ်အဖြစ် အမျိုးသား မီတာ ၅၀၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲ နှင့် အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲများကို ကျင်းပကြရာ အမျိုးသား မီတာ ၅၀၀၀ အပြေးပြိုင်ပွဲတွင် မောင်ရဲရင့်အောင် (မန္တလေး) က ပထမ၊ မောင်မျိုး သန့်ဇင် (ရှမ်း) က ဒုတိယ၊ မောင်ကျော်ဇင်ထွန်း (စစ်ကိုင်း) က တတိယရရှိကြပြီး အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် မညိုညိုဌေး (တနင်္သာရီ) က ပထမ၊ မဇူလိုင်မိုး (ရှမ်း) က ဒုတိယ၊ မဆုမြင့်မြတ်သူ (မွန်) က တတိယရရှိကြကာ အမျိုးသား မီတာ၂၀၀ အပြေးပြိုင်ပွဲတွင် မောင်အာကာမိုး (မန္တလေး) က ပထမ၊ မောင်အောင်သက်ခိုင် (ပဲခူး) က ဒုတိယ၊ မောင်ထွန်းဝင်းကျော် (တနင်္သာရီ) က တတိယရရှိ ကြသည်။
အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲတွင် မလုလုဆိုင်းရာ (ကချင်) က ပထမ၊ မနန်းဝေဝေကျော် (နေပြည်တော်) က ဒုတိယ၊ မနန်းစုစုထွန်း (ပဲခူး) က တတိယဆုများ ကို ရရှိကြရာ ပြိုင်ပွဲများ အပြီးတွင် ပညာရေးဝန်ကြီး ဌာနနှင့် အားကစားဝန်ကြီးဌာနတို့မှ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးကြသည်။
အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ် အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိကြပြီး နေပြည်တော်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းတို့က တစ်ဂိုးစီဖြင့် သရေကျသည်။ အမျိုး သမီး ဘောလုံးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အသင်းက ရခိုင်ပြည်နယ်အသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။
ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ကျင်းပသည့် အမျိုးသမီး ဘော်လီဘောပွဲစဉ်တွင် ကချင်ပြည်နယ် အသင်းက ရခိုင်ပြည်နယ်အသင်းကို သုံးပွဲပြတ် ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်း က စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို သုံးပွဲ-တစ်ပွဲ ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်း က ရှမ်းပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့် လည်း ကောင်း အနိုင်ရရှိကြပြီး အမျိုးသား ဘော်လီဘော ပွဲစဉ်တွင် ရှမ်းပြည်နယ်အသင်းက ရခိုင်ပြည်နယ် အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ကရင် ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို သုံးပွဲ ပြတ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို သုံးပွဲ- တစ်ပွဲဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။
အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မွန်ပြည် နယ်အသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ် ဖြင့်လည်းကောင်း၊ နေပြည်တော်အသင်းက မန္တလေး တိုင်းဒေသကြီးအသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့်လည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ရခိုင် ပြည်နယ်အသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်း ဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ် အသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့်လည်းကောင်း အနိုင် ရရှိခဲ့ကြသည်။
ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းမှစတင်ပြီး ပြေးခုန် ပစ် ဒုတိယနေ့ ပြိုင်ပွဲများနှင့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း (အမျိုးသား၊ အမျိုးသမီး) အုပ်စု ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်