
နေပြည်တော် မေ ၂၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများ၏ ကျောင်းအပ်နှံမှု သီတင်းပတ် အဖြစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက် အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်း အပ်နှံမှုလက်ခံခြင်းများကို ဆောင် ရွက်လျက်ရှိရာ ယနေ့တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်း များအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများ နှင့် ဆရာ ဆရာမများက ကျောင်း လာရောက်အပ်နှံသူ မိဘအုပ်ထိန်း သူများနှင့် ကျောင်းသား ကျောင်း သူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက် ပေးကြပြီး ကျောင်းသား ကျောင်း သူများအတွက် ပညာရေးဝန်ကြီး ဌာနမှ အခမဲ့ထောက်ပံ့ပေးအပ် သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ် ကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်း များ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ၌ ယနေ့အထိ ကျောင်းအပ်နှံသူ ၄၅၅၄၅၉၉ ဦး ရှိပြီး ကျောင်းများ၏ လုံခြုံရေးနှင့် ကျောင်းအပ်နှံမှု လက်ခံဆောင် ရွက်သည့် ဆရာ ဆရာမများ၊ လာရောက် ကျောင်းအပ်နှံကြ သည့် ကျောင်းသား ကျောင်းသူ များနှင့် မိဘများ၏ လုံခြုံရေး အတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိ ပြည်သူများက ပူးပေါင်းဆောင် ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးကြပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်