
နေပြည်တော် အောက်တိုဘာ ၂၀
၂၀၂၂ - ၂၀၂၃ ခုနှစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာန ချုပ် ပုသိမ်တပ်နယ် အားကစား ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ နှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦး ချင်းဆုရရှိကြသူများ၊ အသင်း လိုက် ဆုရရှိကြသူများ၊ ဒိုင်အဖွဲ့ဝင် များနှင့် ဒိုင်းဆုရရှိသော အသင်းတို့ အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ကြသည်။
အဆိုပါ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၂၄ သင်းဖြင့် အောက်တိုဘာ ၉ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်