
နေပြည်တော် ဧပြီ ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မတ်လ ၂၉ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေ အမှတ်၊ ၅ ဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအားလည်းကောင်း၊ မတ်လ ၃၀ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥပဒေအမှတ်၊ ၆ ဖြင့် ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအားလည်းကောင်း၊ မတ်လ ၃၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်၊ ၂၁ ဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေအားလည်းကောင်း အတည်ပြု ထုတ်ပြန်ခဲ့သည်။
အဆိုပါဥပဒေများသည် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်မှစတင်၍ အကျိုးသက်ရောက်ကြောင်း သိရသည်။ သတင်းစဉ်