၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေအဖြစ် တံတား ၁၇၄ စင်း တည်ဆောက်သွားမည်

 

နေပြည်တော်   မေ    ၁၈


၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်  ပြည်ထောင်စုရန်ပုံငွေ ဖြင့်   တံတား  ၇၄ စင်း၊   တိုင်းဒေသကြီး/ ပြည်နယ် အပ်နှံ ရန်ပုံငွေဖြင့်  တံတား ၇၁ စင်း၊  ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန    အပ်နှံရန်ပုံငွေဖြင့်     တံတား ၂၉ စင်း စုစုပေါင်းတံတား ၁၇၄ စင်း တည်ဆောက် မည်ဖြစ်ကြောင်း   ယနေ့  ညနေပိုင်းတွင်   ကျင်းပ သည့်    တံတားဦးစီးဌာန၏    လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်       ဆောက်လုပ်ရေးဝန်ကြီး ဌာန    ဒုတိယဝန်ကြီး   ဦးဝင်းဖေ က   ပြောကြား သည်။

 


ဆက်လက်၍    ဒုတိယဝန်ကြီးက    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံး၏      ၁/၂၀၂၂   အမိန့် ကြော်ငြာစာပါ    တင်ဒါလုပ်ထုံးလုပ်နည်းနှင့်အညီ  လုပ်ငန်းများ     ဆောင်ရွက်ရန်၊   နိုင်ငံ့ဘဏ္ဍာများ လေလွင့်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် စက်ယာဉ် ယန္တရားများ လုံခြုံရေးအတွက် လက်တွေ့ကျသော လုံခြုံရေးစီမံချက်များ    ကြိုတင်ရေးဆွဲထားရှိရန်၊ ဌာနဆိုင်ရာများနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန များကို  မှာကြားသည်။   

 


ဆက်လက်၍ တံတားဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင် နီယာချုပ်များ က  လုပ်ငန်းဆောင်ရွက်မည့် စီမံချက် များကို  အပိုင်းလိုက်  တင်ပြကြပြီး  ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ တံတားတည်ဆောက်ရေး အထူးအဖွဲ့များမှ ဆောင်ရွက်ပြီး တံတားများ ပြင်ဆင် ထိန်းသိမ်းခြင်း၊       ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို  ရှင်းလင်းတင်ပြကြသည်။

 


ထို့နောက် ဒုတိယဝန်ကြီးက တံတားဦးစီးဌာန အနေဖြင့်   တံတားသစ်များကို   တည်ဆောက်နေ သကဲ့သို့   တည်ဆောက်ပြီးတံတားများ၏  တံတား ကြံ့ခိုင်မှု၊     ခံနိုင်ဝန်ကိုလည်း   အမြဲစောင့်ကြည့် ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း၊   တည်ဆောက် ရေး ပစ္စည်းများ    တင်ဒါခေါ်ယူရာတွင်    ပွင့်လင်း မြင်သာမှုရှိစွာဖြင့်      သတ်မှတ်ညွှန်ကြားချက် အတိုင်း  လိုက်နာဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်