၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန် တန်ချိန် ၁ ဒသမ ၆၃၉ သန်းကျော် တင်ပို့နိုင်ခဲ့

 

နေပြည်တော်  ဇန်နဝါရီ  ၁၉


၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ကိုးလတာ ကာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု တန်ချိန် ၁ ဒသမ ၆၃၉ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 


 ပို့ကုန်ရငွေမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ရရှိခဲ့ပြီး  ပင်လယ်ရေကြောင်းမှတစ်ဆင့်   ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ ဒသမ ၂၄၆ သန်း တင်ပို့ခဲ့ကာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် တင်ပို့မှုမှာ တန်ချိန် ၃၆၉၁၆၂ တန် တင်ပို့ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။ 

 


အဆိုပါ ဆန်တင်ပို့မှု စာရင်းများအရ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ပိုလန်နိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊ ဆန်ကွဲတင်ပို့မှုအနေဖြင့် တရုတ်၊ ဘယ်လ်ဂျီယံ၊ ယူကေ၊ စပိန်၊ ပိုလန်   စသည့်နိုင်ငံများသို့   တင်ပို့ ခဲ့ကြောင်း သိရသည်။

 


တင်ပို့မှုစုစုပေါင်းတွင် ပင်လယ်ရေကြောင်းမှ တစ်ဆင့် တင်ပို့မှုတန်   ၁၇၄၉၆၀ ရှိခဲ့ပြီး  နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့်  တင်ပို့မှု မှာ ၅၃၄၈၅ တန်နှင့် ကုန်သွယ်မှု ရငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်း ၉၀ ရရှိခဲ့ကြောင်း သိရ သည်။                                                      
ကိုရိုး