၂၀၂၁ ခုနှစ်တွင် မီးလောင်မှုကြောင့် ခန့်မှန်းငွေကျပ် ၃၃ ဘီလီယံကျော် ဆုံးရှုံးခဲ့

 ရန်ကုန်    ဇန်နဝါရီ   ၁၂


၂၀၂၁ ခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် တို့၌ မီးလောင်မှု ၂၁၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ခန့်မှန်း ငွေကျပ် ၃၃ ဘီလီယံကျော် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။


မီးလောင်မှုဖြစ်စဉ်တို့တွင် ကချင်ပြည်နယ်၌ ၈၁ ကြိမ်၊ ကယားပြည်နယ်တွင် ၁၉ ကြိမ်၊ ကရင် ပြည်နယ်တွင် ၃၃ ကြိမ်၊ ချင်းပြည်နယ်တွင် ၃၈ ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၀၁ ကြိမ်၊ တနင်္သာရီ တိုင်းဒေသကြီးတွင် ၈၅ ကြိမ်၊ နေပြည်တော်တွင် ၇၁ ကြိမ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၉၄ ကြိမ်၊ မကွေး တိုင်းဒေသကြီးတွင် ၂၁၀၊  မန္တလေးတိုင်းဒေသကြီး တွင် ၂၄၅ ကြိမ်၊ မွန်ပြည်နယ်တွင် ၁၃၂ ကြိမ်၊ ရခိုင်ပြည်နယ်တွင် ၆၄ ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး တွင် ၃၁၀၊ ရှမ်းပြည်နယ်တွင် ၁၇၃ ကြိမ်၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ၁၄၂ ကြိမ်ဖြင့် စုစုပေါင်း ၂၁၀၇ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ၁၀၅ ဦး သေဆုံး၍ ၁၅၁ ဦး ဒဏ်ရာရရှိခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင်   နိုင်ငံတစ်ဝန်းမီးလောင်မှု ၂၁၃၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ၇၅ ဦးသေဆုံး၍ ၂၂၀ ဒဏ်ရာ ရရှိကာ ခန့်မှန်းတန်ဖိုးငွေကျပ် ၆ ဘီလီယံကျော် ဆုံးရှုံးခဲ့သည်။ 
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည်      မီးဘေး အန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ   တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊   နိုင်ငံတော် နှင့် ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန်၊  မီးသတ်ဦးစီးဌာန၏   ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများအပေါ် အားကိုးယုံကြည်မှု ရရှိလာစေရန်နှင့်       မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အိုင်တီနည်းပညာဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး အတွက်   191 Report app ကို    ရေးဆွဲထားရာ download ရယူပြီး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်တို့တွင်   မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန နှင့်   ပူးပေါင်းဆောင်ရွက်နိုင်ရန်   ကြိုဆိုဖိတ်ခေါ် လျက်ရှိသည်။


မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု၏အသက် အိုးအိမ်ပစ္စည်းများ၊  နိုင်ငံတော်အတွင်းရှိ  ကုန်ထုတ် အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီး ကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ် အပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက် ရာ၌ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်  ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိသည်။ အသွင်သဏ္ဌာန်နှင့် အနှစ် သာရနှစ်မျိုး တိုးတက်ပြောင်းလဲရန် ကြိုးပမ်းမှုဖြင့် ပိုလန်နိုင်ငံထုတ်     အဆင့်မြင့်မီးသတ်ယာဉ်/စက် ပစ္စည်းကိရိယာများကို ဖြည့်တင်းဆောင်ရွက်ခဲ့ပြီး  မီးဘေးလုံခြုံရေးကို  အချိန်နှင့်တစ်ပြေးညီ ကာကွယ် စောင့်ရှောက်လျက်ရှိသည်။ မီးဘေးကြိုတင်ကာကွယ် ရေးသည် မီးသတ်ဦးစီးဌာနတစ်ခုတည်း၌ တာဝန်ယူ ထမ်းဆောင်ရသည်မဟုတ်ဘဲ အများပြည်သူတို့တွင် လည်း     တာဝန်ကိုယ်စီရှိကြရာ   ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ရန် လိုအပ်လျက်ရှိပြီး ၂၀၂၁ ခုနှစ်၌ နိုင်ငံတစ်ဝန်းမီးလောင်မှုတွင် ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃ ဘီလီယံကျော် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။


သတင်း - ညိမ်းသူ (သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး