၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံ၌ လေထုနှင့် ရေထု အရည်အသွေးတိုးတက်ကောင်းမွန်လာ


 

ပေကျင်း   ဧပြီ   ၁၈
တရုတ်နိုင်ငံ၌   သဘာဝပတ်ဝန်းကျင် အခြေ အနေ  ပို၍ကောင်းမွန်တိုးတက်လာကြောင်း ၂၀၂၁ ခုနှစ် သဘာဝပတ်ဝန်းကျင်အခြေအနေ နှင့်    သဘာဝပတ်ဝန်းကျင်   ထိန်းသိမ်းကာကွယ် ရေး     အောင်မြင်ဖြစ်ထွန်းမှုများ၏     ရည်မှန်း ချက်ဆိုင်ရာ   တရားဝင်     အစီရင်ခံစာအရ သိရသည်။
၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံရှိ မြို့ကြီး များ၊        စီရင်စုနှင့်     အထက်နေရာများ၌    လေထုအရည်အသွေးကောင်းသည့်  နေ့ရက် များ၏  ရာခိုင်နှုန်းမှာ ၈၇ ဒသမ ၅ ရာခိုင်နှုန်း     ရှိကြောင်း၊      ကောင်းမွန်သည့် လေထုအရည်  အသွေးမှာ တစ်နှစ်ထက်တစ်နှစ်   ၀ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အမျိုးသား     ပြည်သူ့ကွန်ဂရက်   အမြဲတမ်း   ကော်မတီသို့   သုံးသပ်ဆွေးနွေးရန်     ဧပြီ   ၁၈   ရက်က   တင်သွင်းခဲ့သော အစီရင်ခံစာက ဖော်ပြထား သည်။ 
အန္တရာယ်ရှိသော     လေထုအမှုန်များ၏ ပျမ်းမျှပမာဏ PM2.5  သည် တစ်ကုဗမီတာ လျှင် ၃၀ မိုက်ခရိုဂရမ်ရှိသည်။ အဆိုပါ ပမာဏ မှာ တစ်နှစ်ထက်တစ်နှစ် ၉ ဒသမ ၁ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း အစီရင်ခံစာဖော်ပြ ချက်အရ သိရသည်။
တရုတ်နိုင်ငံ၏        ရေထုအရည်အသွေး စနစ်  အဆင့်ငါးခုတွင်  အဆင့်သုံးအထက်ရေ မျက်နှာပြင် အချိုးအစားပမာဏမှာ    တစ်နှစ် ထက်   တစ်နှစ်  ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးလာ ရာ ၂၀၂၁ ခုနှစ်တွင်  ၈၄ ဒသမ ၉ ရာခိုင်နှုန်း ရှိလာကြောင်း အစီရင်ခံစာဖော်ပြချက်အရ သိရသည်။  တရုတ်နိုင်ငံ၌  မြေပေါ်ရေအချိုး အစားပမာဏမှာ အဆင့်ငါးအောက်လျော့နည်း ပြီး    အနိမ့်ဆုံးအဆင့်သို့     ရောက်ရှိနေကာ ၁ ဒသမ ၂   ရာခိုင်နှုန်းရှိကြောင်း   အစီရင်ခံစာ က ထပ်မံဖော်ပြထားသည်။ 
တရုတ်နိုင်ငံ၌ ၂၀၂၂ ခုနှစ်အတွင်း ရာသီ ဥတု  အလွန်အမင်း ညစ်ညမ်းမှုကိုလျှော့ချရန်၊ အိုဇုန်းလွှာညစ်ညမ်းမှုနှင့်    ဒီဇယ်ကုန်တင်ယာဉ် များ၏         ညစ်ညမ်းမှုကို      ထိန်းချုပ်ရန်၊ ယန်ဇီမြစ်နှင့်     မြစ်ဝါမြစ်ကို     ကာကွယ်ရန်၊ အဓိက     အဏ္ဏဝါဒေသများကို      ဂရုတစိုက် ကျယ်ကျယ်ပြန့်ပြန့်ကာကွယ်ထိန်းသိမ်းရန်၊  မိလ္လာထွက်ပေါက်များကို စနစ်တကျထုတ်ရန်၊ လေထုညစ်ညမ်းမှုများအား ထိန်းချုပ်ရန်တို့ကို ပိုမိုဆောင်ရွက်သွားရန်       လိုအပ်ကြောင်း ယင်းအစီရင်ခံစာက ဖော်ပြထားသည်။ 
ဆင်ဟွာ