၂၀၂၁ ခုနှစ်အတွင်း ကရင်ပြည်နယ်၌ ယာဉ်မတော်တဆမှု ၁၇၀ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၂၂၆ ဦးနှင့် သေဆုံးသူ ၈၉ ဦးရှိ

 

ဘားအံ   စက်တင်ဘာ   ၁၃


၂၀၂၁ ခုနှစ်အတွင်း ကရင်ပြည်နယ်၌ ယာဉ်မတော် တဆမှု ၁၇၀ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၂၂၆ ဦးနှင့် သေဆုံးသူ ၈၉ ဦးရှိခဲ့ကြောင်း သိရသည်။ 

 


အဆိုပါ   ယာဉ်မတော်တဆမှုများတွင်  ယာဉ် မောင်းသူ၏ ပေါ့ဆမှုကြောင့် ဖြစ်ပွားသည့် ယာဉ် မတော်တဆမှုမှာ    အများဆုံးဖြစ်ပြီး  မော်တော် ဆိုင်ကယ်ကြောင့် ဖြစ်ပွားမှု ၃၃ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ  ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောကြားခဲ့သည်။

 


ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ပထမအကြိမ် အစည်းအဝေး ကို ယမန်နေ့မွန်းလွဲပိုင်းက ကရင်ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ကျင်းပခဲ့ပြီး  ကရင်ပြည်နယ်ဝန်ကြီးချုပ် အမှာစကားပြောကြားရာတွင်     ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 


ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်က ယာဉ်ရပ်နား စခန်းတွင်သာမက      ကြားစခန်းများတွင်လည်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ပညာပေးစစ်ဆေး အရေးယူမှုများ    ဆောင်ရွက်ရန်လိုကြောင်းနှင့် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီမှ ချမှတ်ထားသော အထောက်အကူ ဖြစ်စေမည့်  (Quick   Win)  အစီအမံ(၅)ရပ်ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများသာမက ပြည်သူ အားလုံးကပါ Road Safety အဖြစ် အလေးအနက် ခံယူပြီး တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

 


အဆိုပါ    အစည်းအဝေး၌   ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊      လမ်းအန္တရာယ်ကင်းရှင်းရေး Action Plan  (2021-2030)  ဆိုင်ရာများ၊  ကရင် ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆ မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများ၊ ယာဉ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများနှင့်စပ်လျဉ်း၍  ဆွေးနွေးခဲ့ကြသည်။


 သတင်းစဉ်