
နေပြည်တော် နိုဝင်ဘာ ၂၂
၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၃ ရက် နံနက် ၉ နာရီ မိနစ် ၃၀ တွင် နေပြည်တော်ရှိ MICC – 2 ၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယင်းနေ့ နံနက် ၉ နာရီ မိနစ် ၂၀ တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV-HD ၊ MRTV News၊ MWD၊ MWD Variety၊ MITV၊ MOI Website၊ MOI Youtube၊ MRTV Website၊ MRTV Web & App နှင့် မြန်မာ့အသံ ရေဒီယိုတို့မှ တိုက်ရိုက်(LIVE) ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။
သတင်းစဉ်