၂၀၂၁ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ်ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၂၄


တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးဌာန၊   ပညာရေး ဝန်ကြီးဌာနနှင့်        ကွေ့ကျိုး ပြည်နယ်တို့ပူးပေါင်း၍  တရုတ်-အာဆီယံ      ပညာရေးပူးပေါင်း ဆောင်ရွက်မှု     ရက်သတ္တပတ် (၂၀၂၁)      ဖွင့်ပွဲအခမ်းအနားကို ကွေ့ကျိုးပြည်နယ်    ကွေ့ရန်မြို့ တွင် ယနေ့နံနက်ပိုင်းက ကျင်းပ သည်။


ဖွင့်ပွဲအခမ်းအနားတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ    တရုတ် ကွန်မြူနစ်ပါတီ        ကွေ့ကျိုး ပြည်နယ်    အုပ်ချုပ်ရေးကော်မတီ ဒုတိယအထွေထွေအတွင်းရေးမှူး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာ ရေးဝန်ကြီးတို့က   ဖွင့်ပွဲမိန့်ခွန်း ပြောကြားကြသည်။


ယင်းနောက်   အာဆီယံနိုင်ငံ များမှ    ပညာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် သံအမတ် ကြီးများ၊   အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်တို့က Online မှ Video Message ဖြင့် ဂုဏ်ပြု မိန့်ခွန်းပြောကြားကြပြီး ကွေ့ကျိုး ပြည်နယ် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူးက   ၂၀၂၁  ခုနှစ် တရုတ်-အာဆီယံ    ပညာရေး ပူးပေါင်းဆောင်ရွက်မှု    ရက် သတ္တပတ်ကို ဖွင့်လှစ်ပေးသည်။


အခမ်းအနားတွင် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန    ဒုတိယ ဝန်ကြီး    ဒေါက်တာဇော်မြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ  တို့က  ၂၀၂၁  ခုနှစ်   တရုတ်-အာဆီယံ       ပညာရေးပူးပေါင်း ဆောင်ရွက်မှု     ရက်သတ္တပတ် အခမ်းအနားအတွက်   ဂုဏ်ပြု မိန့်ခွန်းကို Video  Message ဖြင့် ပြောကြားကြပြီး ညွှန်ကြားရေးမှူး ချုပ်များ၊   ပါမောက္ခချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်   တက် ရောက်ခဲ့ကြသည်။ 


၂၀၂၁ ခုနှစ် တရုတ်-အာဆီယံ ပညာရေး ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ်တွင်      တရုတ်-အာဆီယံ        ပညာရေးပူးပေါင်း ဆောင်ရွက်ရေး ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများအဖြစ် ဆေးပညာ၊ စိုက်ပျိုးရေး၊    စီးပွားရေးပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာနှင့် သက်မွေးပညာ၊ ဆန်းသစ်တီထွင် မှုနှင့်    စက်မှုနည်းပညာဆိုင်ရာ ဆွေးနွေးပွဲများနှင့်အတူ အခြေခံ ပညာ   ကျောင်းအုပ်ကြီးများ၏ စကားဝိုင်း    ဆွေးနွေးပွဲများကို စက်တင်ဘာ ၂၄ ရက်မှ ၂၆ ရက် အထိ Online ဖြင့် ကျင်းပလျက် ရှိကြောင်း သိရသည်။ 

သတင်းစဉ်