၂၀၂၁ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   ဇူလိုင်  ၂၁


၂၀၂၁ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)  အနော်ရထာခန်းမ၌   ကျင်းပ ရာ      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က   ဝါဆိုသင်္ကန်း၊    လှူဖွယ်ပစ္စည်း များနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။


အဆိုပါအခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်၊ နေပြည်တော်၊ လယ်ဝေးမြို့၊   ပေါက်မြိုင်ကျောင်းတိုက်   ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒ အမှူး ပြုသည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဩဝါဒါ စရိယ ဆရာတော်ကြီးများအပါအဝင် ပင့်ဖိတ်ထား သည့် သံဃာတော်  ၁၈ ပါး   ကြွရောက်ချီးမြှင့်တော် မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ၊    ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊  ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊အတွင်းရေးမှူး    ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး   ရဲဝင်းဦး၊   ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်    တာဝန်ရှိသူများ တက်ရောက်ကြသည်။


 ဖူးမြော်ကြည်ညို


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အနော်ရထာ ခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော် ကြည်ညို၍ မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းသည်။


ထို့နောက် အစီအစဉ်အရ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို   နမောတဿ သုံးကြိမ် ရွတ်ဆို  ဘုရားကန်တော့ဖွင့်လှစ်ပြီး    ပေါက်မြိုင် ဆရာတော်ကြီးထံမှ ကိုးပါးသီလ ခံယူဆောက်တည် ကြသည်။


ဆက်လက်၍  ဆရာတော်ကြီးများ   ရွတ်ပွား ချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော် များကို နာယူကြပြီး     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေါက်မြိုင်ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့် နေ့ဆွမ်း၊    ခဲဖွယ်၊   ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းသည်။


ဆက်ကပ်လှူဒါန်း


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊    ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က မဟာ သီဟနာဒ ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့် နေ့ဆွမ်း၊  ခဲဖွယ်၊   ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းပြီး ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ် ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အတွင်းရေးမှူး  ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်    အခမ်းအနား တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာ တော်များထံ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို အသီးသီး ဆက်ကပ် လှူဒါန်းကြသည်။


အနုမောဒနာ တရားဟောကြား


ထို့နောက်  ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ ပေါက်မြိုင်ဆရာတော်ကြီးက   အနု မောဒနာ တရားဟောကြားချီးမြှင့်တော်မူပြီး လှူဒါန်း မှုအစုစုတို့အတွက် ရေစက်သွန်းချ  အမျှပေးဝေကြ ကာ ဗုဒ္ဓသာသနံ   စိရံ  တိဋ္ဌတု    သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို   ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်