
မုံရွာ အောက်တိုဘာ ၁၉
နိုင်ငံတော်အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူ၍ အထူးအားပေးချီးမြှောက် လျက်ရှိရာ တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာ စေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို ကျင်းပ ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၁၈ နှစ် အောက် ပြေးခုန်ပစ်ပြိုင်ပွဲဆု ချီးမြှင့်ပွဲကို အောက်တို ဘာ ၁၈ ရက် ညနေ ၄ နာရီတွင် မုံရွာမြို့ ပြည်သူ့ အားကစားကွင်းအတွင်း ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ် ကျော်နှင့် တာဝန်ရှိသူများက အမျိုးသား မီတာ ၁၅၀၀ ပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး မီတာ ၁၀၀ ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အမျိုးသား/အမျိုးသမီး မီတာ ၁၀၀ ပြိုင်ပွဲများတွင် ဆုရရှိကြသော အားကစား သမားများကို လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အမျိုးသား/အမျိုးသမီး မီတာ ၁၅၀၀ ပြိုင်ပွဲများတွင် ဆုရရှိကြသော အားကစားသမားများကိုလည်း ကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ပြိုင်ပွဲများတွင် စံချိန်သစ်တင်ခဲ့ကြ သော အားကစားသမားများအား စံချိန်သစ်ဆုများ ကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က အမျိုးသမီးတံခွန်စိုက် ပထမ၊ ဒုတိယ၊ တတိယဆုများရရှိကြသော မြို့နယ်များအား ငွေသားဆုများကိုလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အမျိုးသားတံခွန်စိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော မြို့နယ်များအား ငွေသားဆု များကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုး သား/အမျိုးသမီး စွယ်စုံတံခွန်စိုက်ရရှိကြသော တတိယဆုရ ဝက်လက်မြို့နယ်အား တံခွန်စိုက်ဆုနှင့် ငွေသားဆုများအားလည်းကောင်း၊ ဒုတိယဆုရ စစ်ကိုင်းမြို့နယ်ကို တံခွန်စိုက်ဆုနှင့် ငွေသားဆု များကို လည်းကောင်း၊ ပထမဆုရ အင်းတော်မြို့နယ် အား တံခွန်စိုက်ဆုနှင့် ငွေသားဆုများကိုလည်း ကောင်း ပေးအပ်ချီးမြှင့်ကြသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် အလုံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းတွင် အသက်၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွား စေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ ပေးနေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မပြုလုပ်ရသေးသော ကျောင်းသား ကျောင်းသူ ၆၀ အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)